ဦးငွန်မောင်း(ဟားခါးမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်ကတော့ ချင်းပြည်နယ်၊ ဟားခါးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးငွန်မောင်းဖြစ်ပါတယ်။ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ဥပဒေကြမ်းနဲ့ စပ်လျဉ်းပြီးတော့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ ရှိချက်အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ၏ ကိုယ်စား ရှင်းလင်းဖတ်ကြားတင်ပြသွားမှာဖြစ်ပါ တယ်။
၁။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည့် “ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”ကို ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၈၀ နည်းဥပဒေခွဲ(က)အရ ပြည်သူ့ လွှတ်တော်တွင် စတင်ဆွေးနွေးရန် အထက်ရည်ညွှန်းချက်ပါစာဖြင့် ပေးပို့လာပါသည်။
၂။ မူလဥပဒေဖြစ်သော The Penal Code ကို ၁၈၆၀ ခုနှစ် အက်ဥပဒေ ၅ အဖြစ် ၁၈၆၁ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ မူလဥပဒေတွင် အခန်း ၂၃ ခန်းနှင့် ပုဒ်မပေါင်း ၅၁၁ ခု ပါရှိပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းလာသည့် ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတွင် ပုဒ်မပေါင်း ၅၁ ခု ပါရှိပါသည်။
၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ယင်းဥပဒေကြမ်းကို လေ့လာစိစစ်ရန် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးနှင့် တာဝန်ရှိသူများသည် ၂၀.၁.၂၀၁၃ ရက်နေ့၌ ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပြီး ဥပဒေကြမ်းများ စိစစ်ရာတွင် အခြေခံရမည့်မူ ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ ကြပါသည်။
၄။ “ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”ပါ ပြင်ဆင်ချက်များမှာ အောက်ပါ အတိုင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည် -
ဇယားအမှတ်စဉ်(၁) ပုဒ်မ၊ ပုဒ်မခွဲ၊ ပုဒ်မခွဲငယ်တွေကိုတော့ ကျွန်တော်ဖတ်ပြပြီးတော့ မူလပြဋ္ဌာန်းချက်ကိုတော့ အချိန်ကိုလေးစားသောအားဖြင့် တင်ပြမှာမဟုတ်ဘဲနဲ့ ပြင်ဆင်ပြဋ္ဌာန်းချက် ကိုတော့ ဖတ်ကြားရှင်းလင်းတင်ပြပါမယ်။ အမှတ်စဉ်(၁) ပြင်ဆင်သည့်ပြဋ္ဌာန်းချက် ဤဥပဒေကို ရာဇသတ်ကြီး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။ အမှတ်စဉ်(၂) ပုဒ်မ(၅) ပြင်ဆင်ပြဋ္ဌာန်းချက်မှာ Defence Services Personnel ။ အမှတ်စဉ်(၃) ၁၉ ဥပမာ (ခ) ၁၉ ဥပမာ (ဃ) ၁၂၄ ၁၆၅ ဥပမာ (ဂ) ၁၉၃ ရှင်းလင်းချက် - ၂ ၏ ဥပမာ ၂၂၇၊ ၄၄၉ စတုတ္ထကင်းလွတ်ချက်၏ ရှင်းလင်းချက်၊ ၄၄၉ အဋ္ဌမကင်းလွတ်ချက်၏ ဥပမာ ၄၄၉ နဝမ ကင်းလွတ်ချက်၏ ဥပမာ(ခ) အဲဒီထဲမှာ Magistrate ဆိုပြီးတော့ ဖော်ပြတာကို ပြင်ဆင်ချက်၊ ပြဋ္ဌာန်းချက်မှာတော့ Judge ဆိုပြီးတော့ အစားထိုး ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၄) ပုဒ်မ ၂၁ ဒုတိယပြင်ဆင်ထားချက်ကတော့ Defence Services ပြင်ဆင်ထားပါတယ်။ နောက်ပြီးတော့ ပုဒ်မ ၂၁ ပဉ္စမ ပြင်ဆင်ချက်ကတော့ administrator of ward or village-tract ၊ ပုဒ်မ ၂၁ ဧကဒသမ ဥပမာကို ပြင်ဆင်ချက်ကတော့ ပယ်ဖျက်ရန် ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ ပုဒ်မ ၂၁ ဧကဒသမ ရှင်းလင်းချက်( ၃ )ကို ပြင်ဆင်ချက်ကတော့ different levels of the Hluttaw ဆိုပြီးတော့ အစားထိုးထားပါတယ်။ အမှတ်စဉ်(၅) ပုဒ်မ ၄၉ ကို International calendar ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ British calendar ။ အမှတ်စဉ်(၆) ၅၃ ၏ ဒုတိယ ၁၂၀-ခ ပုဒ်မခွဲ ၁၊ ၅၀၆ ဒုတိယပိုင်း ၅၁၁ ကို imprisonment for life ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ နောက်ပြီးတော့ အမှတ်စဉ်(၇) ပုဒ်မခွဲ၊ ပုဒ်မခွဲငယ်များကတော့ ၅၅၊ ၇၅၊ ၁၁၅ ပထမပိုင်း၊ ၁၁၅ ၏ ဥပမာ၊ ၁၁၉ ၏စတုတ္ထပိုင်း၊ ၁၂၂(၁)၊ ၁၂၂ (၂)၊ ၁၂၃(၁)၊ ၁၂၅၊ ၁၂၈၊ ၁၃၀၊ ၁၉၄ ပထမပိုင်း၊ ၁၉၅၊ ၁၉၅၏ဥပမာ၊ ၂၀၁ တတိယပိုင်း၊ ၂၁၁ ဒုတိယပိုင်း၊ ၂၁၂ တတိယပိုင်း၊ ၂၁၂ ၏ဥပမာ၊ ၂၁၃ တတိယပိုင်း၊ ၂၁၄ တတိယပိုင်း၊ ၂၂၁ တတိယပိုင်း၊ ၂၃၂၊ ၂၃၈၊ ၂၅၅၊ ၃၀၂(၁)(က)၊ ၃၀၂(၂)၊ ၃၀၄၊ ၃၀၅၊ ၃၀၇ ပထမပိုင်း၊ ၃၀၇ ဒုတိယပိုင်း၊ ၃၁၁၊ ၃၁၃၊ ၃၁၄ ဒုတိယပိုင်း၊ ၃၂၆၊ ၃၂၉၊ ၃၆၄၊ ၃၇၁၊ ၃၇၆၊ ၃၇၇၊ ၃၈၈၊ ၃၈၉၊ ၃၉၄၊ ၃၉၅၊ ၃၉၆၊ ၄၀၀၊ ၄၀၉၊ ၄၁၂၊ ၄၁၃၊ ၄၃၆၊ ၄၃၈၊ ၄၄၉၊ ၄၅၀၊ ၄၅၉၊ ၄၆၀၊ ၄၆၇၊ ၄၇၂၊ ၄၇၄၊ ၄၇၅၊ ၄၇၇၊ ၄၈၉-က၊ ၄၈၉-ခ၊ ၄၈၉-ဃ transportation for life ရေးထားချက်ကို ပြင်ဆင်ပြဋ္ဌာန်းချက်မှာ imprisonment for life ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၈) ပုဒ်မ ၅၇ ကို imprisonment for life and imprisonment ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၉) ပုဒ်မ ၅၈၊ ၅၉၊ ၂၂၆ ကို ပြင်ဆင်တာကတော့ ပယ်ဖျက်ရန်ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၀) ၆၇ ကို five thousand kyats and ten thousand kyats ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၁) ၆၉ ၏ ဥပမာကို ပြင်ဆင်ပြဋ္ဌာန်းချက်ကတော့ ten thousand kyats, seven thousand and five hundred kyats, five thousand kyats ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၂) ပုဒ်မ ၁၁၈ ပထမပိုင်း ၁၁၈ ဥပမာကို ပြင်ဆင်ထားချက်ကတော့ imprisonment for life, Judge ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၃) ပုဒ်မ ၁၂၄-က with imprisonment for life, to which fine may be added , or with imprisonment which may extend to seven years, to which fine may be added, or with fine ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၄) အခန်း ၆-က ခေါင်းစဉ်ကို ပြင်ဆင်ထားချက်ကတော့ OFFENCES RELATING TO CERTAIN PROVISIONS CONTAINED IN THE COSTITUTION AND THE LAWS RELATING TO THE HLUTTAW ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၅) ပုဒ်မ ၁၃၀-က ပြင်ဆင်ချက်ကတော့ in sub-section b of section 36, section 350, section 354, section 355, section 356, section 358, section 359, section 360 of the Constitution of the Republic of the Union of Myanmar or in the laws relating to the Hluttaw of the Republic of the Union of Myanmar ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၆) အခန်း(၇) ခေါင်းစဉ် ပြင်ဆင်ထားချက်ကတော့ OF OFFENCES RELATING TO DEFENCES SERVICES ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၇) ပုဒ်မ ၁၃၁ ကို ပြင်ဆင်ထားချက်ကတော့ a member of the Defence Services ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ ပုဒ်မ ၁၃၁ any such member of the Defence Services transportation for life imprisonment for life ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၁၈) ပုဒ်မ ၁၃၂ ပြင်ဆင်ထားချက်ကတော့ a member of the Defence Services ပြီးတော့ အောက်မှာ imprisonment for life ဆိုပြီးတော့ ပြင်ဆင် ထားပါတယ်။ အမှတ်စဉ်(၁၉) ပုဒ်မ ၁၃၃၊ ၁၃၄၊ ၁၃၈ ပြင်ဆင်ထားချက်ကတော့ a member of the Defence Services ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၀) ပုဒ်မ ၁၃၅၊ ၅၀၅(က) ပြင်ဆင်ထားချက်ကတော့ any member of the Defence Services ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၁) ပုဒ်မခွဲငယ် ၁၃၆ ပြင်ဆင်ထားချက်ကတော့ a member of the Defence Services, such member of the Defence Services ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၂) ပုဒ်မ ၁၃၇ the Defence Services five hundred kyats fifty thousand kyats ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၃) ပုဒ်မ ၁၃၉ ပြင်ဆင်ထားချက်ကတော့ the Defence Services Act, 1959 ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၄) ပုဒ်မ ၁၄၀ ပြင်ဆင်ထားချက်ကတော့ a member of the Defence Services five hundred kyats fifty thousand kyats ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၅) ပုဒ်မ ၁၄၁ ၏ပထမ ပြင်ဆင်ထားချက်ကတော့ Pyidaungsu Hluttaw ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၆) ပုဒ်မ ၁၅၄၊ ၁၇၈၊ ၁၇၉၊ ၁၈၃၊ ၂၂၈၊ ၂၇၂၊ ၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆၊ ၂၈၀၊ ၂၈၂၊ ၂၈၄၊ ၂၈၇၊ ၂၈၈၊ ၂၈၉၊ ၂၉၄-က ဒုတိယပိုင်း၊၂၉၄-က တတိယပိုင်း၊၃၂၃၊ ၃၃၇၊ ၃၄၂၊ ၃၅၇၊ ၄၄၈ မှာဖော်ပြထားတဲ့ one thousand kyats ကို ပြင်ဆင်ထားချက်ကတော့ one hundred thousand kyats ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၇) ပုဒ်မ ၁၆၀ ပြင်ဆင်ထားချက်ကတော့ ten thousand kyats ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၈) ပုဒ်မ ၁၆၁၊ ၁၆၁ ဥပမာ (က Pyidaungsu Hluttaw, Judge ဆိုပြီးတော့ ပြင်ဆင်ထားပါတယ်။ အမှတ်စဉ်(၂၉) ပုဒ်မ ၁၇၁၊ ၁၇၁-စ၊ ခြွင်းချက်။
ဥက္ကဋ္ဌ။ ။ ဦးငွန်မောင်းခင်ဗျား။ ဒါအားလုံး ကျွန်တော်တို့ ဖြန့်ဝေထားပြီးဖြစ်ပါတယ်။ နောက်သူတို့ကိုလည်း ဒါဖတ်ပြီးတဲ့အခါမှာပြင်ဆင်အဆိုပြုချက်ဖြစ်မှာဖြစ်တဲ့အတွက် ကျန်တဲ့အပိုင်းကို တော့ စာနဲ့တင်ပြပြီးဖြစ်တဲ့အတွက် ဆိုပြီးတော့ အဆုံးသတ်ပြီးတဲ့အခါမှာ စာမျက်နှာ(၈)၊ အမှတ်စဉ်(၅)၊ အမှတ်စဉ်(၆)ကို ဆက်လက်ဆောင်ရွက်ပါ။ အခုကျွန်တော်တို့ ပုဒ်မ မဖတ်တော့ဘဲနဲ့ အားလုံးလည်း စာပွဲပေါ်ကို ဖြန့်ဝေထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လက်ဝယ်ဖြန့်ဝေထားပြီးသားဖြစ်တဲ့ အတွက် အမှတ်စဉ်(၅)ကပဲ ဆက်ဖတ်ပြီးတော့ တင်ပြဖို့ဖြစ်ပါတယ်။ စာမျက်နှာ(၈)။
ဦးငွန်မောင်း(ဟားခါးမဲဆန္ဒနယ်)။ ။ အမှတ်စဉ်(၅)၊ စာမျက်နှာ(၈)
၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရေးဆွဲတင်ပြလာသည့် ဥပဒေကြမ်းတွင် ခေတ်ကာလနှင့် လျော်ညီစေရန် စကားရပ်များပြင်ဆင်ထားသည်များကို တွေ့ရှိရပါသည်။
၆။ သို့ဖြစ်ပါ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရေးဆွဲတင်ပြလာသည့် “ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ အားလုံးကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
