ရာဇသတ်ကြီးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းခြင်း ဥက္ကဋ္ဌ။ ။ အစီအစဉ် ၁၀ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၄ နည်းဥပဒေခွဲ(က)အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ရာဇသတ်ကြီးဥပဒေကို တင်သွင်းရန် ဖြစ်ပါတယ်။ ပြည်ထောင်

 ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၅၄ နည်းဥပဒေခွဲ(က)အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရာဇသတ်ကြီး ဥပဒေကို တင်သွင်းခြင်း

(ပြည်ထောင်စုတရားလွှတ်တော်ချုပ်)။     ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးအောင်ဇော်သိန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုယ်စား ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျင်‌့သုံး ဆောင်ရွက်လျက်ရှိတဲ့ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းအား ဆွေးနွေးစဉ်းစားနိုင် ရန်အတွက် ပြည်သူ့လွှတ်တော်ကို အဆိုတင်သွင်းမှာ ဖြစ်ပါတယ်။ တည်ဆဲရာဇသတ်ကြီး (The Penal Code) တွင် အချို့ပြစ်မှုများ၌ ပြဋ္ဌာန်းထားတဲ့ ဒဏ်ငွေနဲ့ ပြစ်ဒဏ်များဟာ ပြင်ဆင်တိုးမြှင့်နိုင်ရန်နဲ့ အချို့သောပြဋ္ဌာန်းချက်များမှာပါရှိတဲ့ ဝေါဟာရအသုံးအနှုန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တည်ဆဲ ဥပဒေပါ ဝေါဟာရ အသုံးအနှုန်းများနဲ့ လိုက်လျောညီထွေဖြစ်စေရန်  ရည်ရွယ်ပြီး ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေ(မူကြမ်း)ကို ခေတ်ကာလအခြေအနေနှင့်လျော်ညီအောင် ပြင်ဆင်ရေးဆွဲ ပြုစုထားပါတယ်။ ဒီလို ပြင်ဆင်ရေးဆွဲထားတဲ့ ရာဇသတ်ကြီးကို ပြင်ဆင်တဲ့ ဥပဒေ(မူကြမ်း)ကို ပြည်သူ့လွှတ်တော်မှ ဆွေးနွေး စဉ်းစားပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါတယ်ခင်ဗျား။ (သြဘာသံများ)

Standard (Image)