ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရ ပြည်သူ့ လွှတ်တော်ကို တင်သွင်းလာတဲ့ တရားမဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအပေါ်မှာ ဥပဒေ ကြမ်းကော်မတီရဲ့ စိစစ်တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းမှာ ဖြစ်ပါတယ် ခင်ဗျား။
၁။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပြင်ဆင်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသည့် တရားမကျင့်ထုံးဥပေဒကိုပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၀ နည်းဥပဒေခွဲ(က)အရ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေးရန် ပေးပို့လာပါသည်။
၂။ ၁၉၀၈ ခုနှစ် အိန္ဒိယအက်ဥပဒေ ၅ အရ အတည်ပြုပြဋ္ဌာန်းခဲ့သော တရားမကျင့်ထုံးဥပဒေကို ၁၉၀၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်သည့် ယင်းဥပဒေ၌ အခန်း ၁၁ ခန်း ပုဒ်မပေါင်း ၁၅၃ ခု ပါရှိပြီး လွှတ်တော်သို့ တင်သွင်းလာသည့် တရားမကျင့်ထုံး ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပုဒ်မ ၂၁ ခုဖြင့် စကားရပ်များ အစားထိုးပြင်ဆင်ထားသည်ကို လေ့လာတွေ့ရှိရ ပါသည်။
၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ယင်းဥပဒေကြမ်းကို လေ့လာစိစစ်နိုင်ရန် ၁၄-၁-၂၀၁၃ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပြီး ဥပဒေကြမ်းများ စိစစ်ရာတွင် အခြေခံရမည်မူအချက် ၁၂ ချက်နှင့်အညီ စိစစ်ခဲ့ကြပါသည်။
၄။ တရားမကျင့်ထုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းတွင် စကားရပ်ပြင်ဆင်သည့် ဥပဒေပုဒ်မ ၂၁ ခု ပါရှိပါသည်။ ယင်းဥပဒေပုဒ်မတစ်ခုချင်းအလိုက် စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
(၁) ခေါင်းစဉ်အား ဤဥပဒေကို တရားမကျင့်ထုံး ဥပဒေကိုပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရ မည်။
(၂) မူလတရားမကျင့်ထုံးဥပဒေ အပိုဒ် ၂ အပိုဒ်ခွဲ(၄) အဖြစ် district means the local limits of the jurisdiction of a principal civil Court of original jurisdiction (hereinafter called a District Court), and includes the local limits of the ordinary original civil jurisdiction of the High Court; ဟူသည့်စကားရပ်အစား district means the local limits of the jurisdiction of a principal Court of original civil jurisdiction (hereinafter called a District Court), and includes the local limits of ordinary original civil jurisdiction of the Court of the Self-Administered Division or the Court of the Self-Administered Zone; ဟုအစားထိုးခြင်း ဖြစ်ပါတယ်ခင်ဗျား။
(၃) မူလတရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(၄) ၏နောက်တွင် ပုဒ်မ ၂ ပုဒ်မခွဲ ၄ (က) အဖြစ် civil Court means Court of civil jurisdiction; ဟုဖြည့်စွက်ခြင်း ဖြစ်ပါသည်။
(၄) မူလဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (၁၅)၊ မူလဥပဒေ ပုဒ်မ ၁၀၃၊ မူလဥပဒေ ပုဒ်မ ၁၀၉ ပုဒ်မခွဲ (က)၊ (ခ)နှင့် မူလဥပဒေ ပုဒ်မ ၁၁၁ ပုဒ်မခွဲ (က)၊ မူလဥပဒေပုဒ်မ၏ နဝမပိုင်းခေါင်းစဉ် တို့အပြင် မူလဥပဒေပုဒ်မ ၁၁၇၊ ၁၁၈၊ ၁၂၀ တို့၌ပါရှိသော the High Court ဟူသည့် စကားရပ်အစား the High Court of the Region or the High Court of the State ဟု အစားထိုးပြင်ဆင်ခြင်း ဖြစ်ပါသည်။
ဥက္ကဋ္ဌ။ ။ ဒေါက်တာစိုးမိုးအောင် မူလပြဋ္ဌာန်းချက် မဖတ်ပြပါနှင့်။ ပြင်ဆင်တဲ့အပိုင်းသာ ဖတ်ပြပါ။
(၅) မူလပုဒ်မ ၂ ပုဒ်မခွဲ (၁၇) ပုဒ်မခွဲငယ် (ခ)အဖြစ် every gazetted officer and the superior officer of Civil Services; ဟု ပြင်ဆင်ပါသည်။ မူလပုဒ်မ ၂ ပုဒ်မခွဲ (၁၇) ပုဒ်မခွဲငယ် (ဂ)အဖြစ် every commissioned or gazetted officer of Defence Services; ဟု အစားထိုးပြင်ဆင်ပါသည်။
(၆) မူလဥပဒေ ပုဒ်မ ၃ အဖြစ် the High Court of the Region or the High Court of the State ဟု အစားထိုးပြင်ဆင်ပါသည်။ မူလဥပဒေ ပုဒ်မ ၃ တွင်ပါရှိသော and every Court of Small causes အား ပယ်ဖျက်ပါသည်။
(၇) မူလဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (၂)အား the High Court of the Region or the High Court of the State ဟု ပြင်ဆင်ပါသည်။ မူလဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (၂ )၌ ပုဒ်မ ၃ အဖြစ် အစားထိုးဖြည့်သွင်းပါသည်။ Where such Courts are different High Courts of the Region or the High Court of the State, the application shall be made to the Supreme Court of the Union ဟု ဖြည့်စွက်ပါသည်။
(၈) ပုဒ်မ ၂၄ ပုဒ်မခွဲ(၁) ၌ ပါရှိသော စကားရပ်အစား the Supreme Court of the Union ဟု လည်းကောင်း၊ the High Court of the Region or the High Court of the State လည်းကောင်း ပြင်ဆင်ပါသည်။
(၉) မူလပုဒ်မ ၃၅ က ပုဒ်မခွဲ (၂) အား 1,000,000 Kyats ဟု လည်းကောင်း၊ မူလပုဒ်မ ၃၅ က ပုဒ်မခွဲ (၂) အား the Supreme Court of the Union ဟု လည်းကောင်း အစားထိုးပြင်ဆင် ပါသည်။
(၁၀) မူလပုဒ်မ ၈၀ ပုဒ်မခွဲ (က)နှင့် မူလပုဒ်မ ၈၃ ပုဒ်မခွဲ (၂) ၊ မူလပုဒ်မ ၈၆ ပုဒ်မခွဲ (၁) ပါ စာသားများအား a Secretary to the Union Government ဟု အစားထိုး ပြင်ဆင် ပါသည်။
(၁၁) မူလပုဒ်မ ၁၀၀ ပုဒ်မခွဲ (၁) ပါ စာသားကိုလည်းကောင်း၊ မူလပုဒ်မ ၁၀၀ ပုဒ်မခွဲ(၁) ပါ စာသား ကိုလည်းကောင်း၊ မူလပုဒ်မ ၁၀၀ ပုဒ်မခွဲ(၁) ပုဒ်မခွဲငယ် (ဃ)ကိုလည်းကောင်း အောက်ပါ အတိုင်းပြင်ဆင်ပါသည်။ the High Court of the Region or the High Court of the State ဟူ၍ လည်းကောင်း၊ any Court Subordinate to the High Court of the Region or the High Court of the State ဟုလည်းကောင်း၊ 2,000,000 Kyats ဟူသည့်စကားရပ်အစား 1,000,000 Kyats ဟု ပြင်ဆင်ပါသည်။
(၁၂) မူလဥပဒေပုဒ်မ ၁၀၂၊ ၁၁၄ ပုဒ်မခွဲ (ဂ)တို့အား ပယ်ဖျက်မည်ဟု ပြင်ဆင်ပါသည်။
(၁၃) မူလဥပဒေပုဒ်မ ၁၀၆ အစား the High Court of the Region or the High Court of the State ဟု ပြင်ဆင်ပါသည်။
(၁၄) မူလဥပဒေပုဒ်မ ၁၁၀ အား 10,000,000 kyats ဟု ပြင်ဆင်ပါသည်။
(၁၅) မူလဥပဒေပုဒ်မ ၁၁၃၊ ၁၁၉၊ ၁၂၂၊ ၁၂၄၊ ၁၂၉ နှင့် မူလပုဒ်မ ၁၃၃ ပုဒ်မခွဲ (၂) ပါ စာသားများအား the Supreme Court of the Union ဟု ပြင်ဆင်ပါသည်။
(၁၆) မူလဥပဒေပုဒ်မ ၁၁၅ တွင်လည်းကောင်း၊ ၁၁၅ ပါ ခြွင်းချက်များကိုလည်းကောင်း အောက်ပါအတိုင်းပြင်ဆင်ပါသည်။ the Supreme Court of the Union, the High Court of the Region or the High Court of the State, Provided that no application to the Supreme Court of the Union shall be made to revise the order of the High Court of the Region or the High Court of the State in the exercise of its revisional jurisdiction passed against the order of any subordinate Court to the High Court of the Region or the High Court of the State in revision ဟု ပြင်ဆင်ပါသည်။ မူလဥပဒေပုဒ်မ ၁၁၅ ဒုတိယ ခြွင်းချက်အား ပယ်ဖျက်ရန် ဖြစ်ပါတယ်။
လေးစားအပ်သော လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ မူလဥပဒေကြမ်းရဲ့ ဖြန့်ဝေထား တဲ့ ပြင်ဆင်ချက်မှာ ဒီထက်ပိုပြီးတော့ ပြင်ဆင်ထားတဲ့စာသားတွေ ပါရှိပါတယ်။ တရားလွှတ်တော်ချုပ် ရဲ့ ထပ်မံပြင်ဆင်ချက်အရ ကျွန်တော်တင်ပြတဲ့အပိုဒ်ထိသာ ပြင်ဆင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်ချက်ကို လွှတ်တော်သို့ ပြန်လည်ဖြန့်ဝေမှာ ဖြစ်ပါတယ်။
(၁၆) မူလဥပဒေပုဒ်မ ၁၂၃ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (က)တွင် at Nay Pyi Taw ဟု အစား ထိုးပြင်ဆင်ပါမယ်။ မူလဥပဒေပုဒ်မ ၁၂၃ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (က)တွင် three Judges of the Supreme Court of the Union, ဟု ပြင်ဆင်ပါတယ်။
(၁၇) မူလဥပဒေပုဒ်မ ၁၂၃ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (ခ)တွင် two Judges of the High Court of the Region or the High Court of the State ဟု ပြင်ဆင်ပါတယ်။ မူလဥပဒေပုဒ်မ ၁၂၃ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (ဂ)တွင် two advocates who have practised as advocates for at least 10 years ဟု ပြင်ဆင်ပါတယ်။ မူလဥပဒေပုဒ်မ ၁၂၃ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (ဃ) ကို ပယ်ဖျက်ရန် ဖြစ်ပါတယ်။ မူလဥပဒေပုဒ်မ ၁၂၃ ပုဒ်မခွဲ (၃)၏ ခြွင်းချက်၊ ပုဒ်မခွဲ(၄)၊ (၅) တို့အား of the Union ဟု ဖြည့်စွက်ပါတယ်။ မူလဥပဒေပုဒ်မ ၁၂၃ ပုဒ်မခွဲ (၃)၏ ခြွင်းချက်အား of the Supreme Court of the Union ဟု ဖြည့်စွက်ပါတယ်။
(၁၈) မူလပုဒ်မ ၁၂၆ တွင် The Supreme Court of the Union shall distribute and submit the rules made under the foregoing provisions to its representative at the nearest regular session of the Pyidaungsu Hluttaw with the permitted arrangement of the Speakerof the Hluttaw ဟု အစားထိုးဖြည့်စွက် ပါတယ်။
(၁၉) မူလဥပဒေပုဒ်မ ၁၃၆ ပုဒ်မခွဲ(၄) အား the High Court of the Region or the High Court of the State ဟု ပြင်ဆင်ပါတယ်။ မူလဥပဒေ ၁၃၆ ပုဒ်မခွဲ (၄) အား Court of the Self-Administered Division or the Court of the Self-Administered Zone or the District Court ဟု လည်းကောင်း၊ မူလဥပဒေ ၁၃၆ ပုဒ်မခွဲ (၄) အား according to the procedure provided in the foregoing provisions of sub-section (2) and (3) ဟု အစားထိုးပြင်ဆင်ပါတယ်။
(၂၀) ပုဒ်မ ၁၃၇ ပုဒ်မခွဲ(၁) အား The Language of the Supreme Court of the Union and any Court subordinate to the Supreme Court of the Union shall be Myanmar language ဟု အစားထိုးပြင်ဆင်ပါတယ်။ ပုဒ်မ ၁၃၇ ပုဒ်မခွဲ (၂) အဖြစ် The application to and proceeding in such Courts shall be written in Myanmar language ဟု ပြင်ဆင်ပါတယ်။
(၂၁) မူလဥပဒေပုဒ်မ ၁၃၉ (ခ) အား the Supreme Court of the Union, the High Court of the Region or the High Court of the State ဟု ပြင်ဆင်ပါတယ်။
၅။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရေးဆွဲတင်ပြလာသည့် ဥပဒေကြမ်းတွင် ခေတ်ကာလနှင့်လျော်ညီစေရန် စကားရပ်များပြင်ဆင်ထားခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဤဥပဒေကြမ်းကို လွှတ်တော်သို့ စတင်တင်သွင်းချိန်မှ စပြီး ဖြန့်ဝေခဲ့သည့်အစား ပြင်ဆင်ချက်များကို တောင်းခံခဲ့ပြီး ဖြစ်ပါတယ်။
၆။ သို့ဖြစ်ပါ၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ရေးဆွဲတင်ပြလာသည့် တရားမကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံတင်ပြ အပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
