အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ သုံးသပ်တင်ပြခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တိုက်တွန်းခြင်း

အဆိုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ သုံးသပ်တင်ပြခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တိုက်တွန်းခြင်း

 

ဥက္ကဋ္ဌ။  ။ သောက်သုံးရေနှင့် ပတ်သက်ပြီးတော့ အညာဒေသ မန်းလေး၊ မကွေး၊ စစ်ကိုင်းဒေသတင် မဟုတ်ပဲနဲ့ ရေအင်မတန်မှ ပေါတယ်ဆိုတဲ့ ပင်လယ်ကမ်းခြေဒေသမှာလည်း သောက်သုံးရေ ရှားပါးမှုရှိကြောင်း ပြီးခဲ့တဲ့ ခရီးစဉ်များအရ သိရှိပါတယ်။ ဒီနေရာမှာ ကန်ရေသောက်၊ စသဖြင့်ပေါ့လေ ဒီလိုအဆိုတွေရှိခဲ့တယ်။ ပြီးတဲ့အခါမှာ ဒီပေါ်မူတည်ပြီးတဲ့အခါမှာ တစ်ချို့တစ်ချို့လည်း ခုနကပြောတဲ့ ရောဂါဖြစ်ပွားတဲ့နေရာမှာ မြစ်ကမ်းစပ်၊ စသဖြင့် ဒါမျိုးလေးရှိသလို တစ်ချို့လည်း ခုနကပြောတဲ့ ရောဂါတွေဖြစ်ခဲ့တယ်ဆိုတာလည်း အညာဒေသမှာ ဖြစ်ပေါ်သလို ခုနက ပြည်ထောင်စု ဝန်ကြီးရှင်းပြတဲ့အခါ မှာ ဝမ်းနည်းစွာနဲ့ပဲ ကယားပြည်နယ်နှင့် အခြားဒေသတွေမှာ ဖြစ်ကြောင်း လည်းပဲ အမှန်အတိုင်းပြောမယ်ဆိုရင် ကျွနတော်တို့ ဒီလိုသိရပါတယ်။ ဒါကြောင့် သောက်သုံးရေ ရှားပါးမှုဟာတက်ပဲ ပင်လယ်နဲ့နီးနေတဲ့ နေရာတွေမှာလည်း ရှားပါးမှုတွေဖြစ်နေပါတယ်။ ကျွန်တော်တို့ဖက် ဖျာပုံဒေသ ဖျပုံအအောက်မှာရှိကြတဲ့ တစ်ခါ ဒေးဒရဲတို့ နောက်တစ်ခါ ပင်လယ်မြစ်ဝဒေတွေ မှာလည်း သောက်သုံးရေ အင်မတန် ရှားပါးပါတယ်။ ဒီဘက် ကျိုတ်လတ်က အောက်ပိုင်းရောက်သွား မယ်ဆိုလို့ရှိရင် သောက်ရေ အတွက် မိုးတွင်းမှာစင်းအိုးတွေနဲ့ အများကြီးခံထားရပါတယ်။ တစ်ချို့နေရာတွင်ကျတဲ့ အခါမှာကျတော့ ဒီလောက်နဲ့မလုံ လောက်တဲ့အတွက် သောက်ရေကန်တွေ တူးထားတာရှိပါတယ်။ သောက်ရေကန် မှာလည်း အမြဲတမ်း လုံလောက်စွာ မရတဲ့အခါတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီပင်လယ်နဲ့ နီးတဲ့အပိုင်းဆိုလို့ရှိရင် ဖေဖဝါရီလကုန်၊ မတ်လ၊ ဧပြီလ၊ မေလမှာ သောက်သုံးရေပြသနာမှားရှိပါတယ်။ ပင်လယ်နီးဆိုတဲ့နေရာမှာ ပင်လယ်နဲ့ မိုင် ရာဂဏာန်းလောက်ရှိတဲ့ ပုသိမ်မြို့ရဲ့ တောင်ဘက်ခြမ်းမှာလည်း ဒါပုသိမ်မြို့ ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြု့မှာ သည်ပင်လည်းပဲ မတ်လ ဧပြီလတွေမှာလည်းပဲ သောက်သုံးရေ အခက်အခဲများ ရှိပါတယ်။ အဲဒီအတိုင်းပဲ ရခိုင်ပြည်နယ်မှာလည်း ရေနဲ့သာနီးပေမယ့် သောက်သုံးရေ၊ တင်္နလာဒေသတွေမှာလည်းပဲ ပင်လယ်နဲ့နီးတဲ့ နေရာမှာ ရေနဲ့သာနီးပေမယ့် သောက်သုံးရေက ရှားပါးနေတဲ့အတွက်  ဒီကိစ္စကို ပြည်ထောင်စု ဝန်ကြီးတွေမှာ ကြုံတုန်းတိုက်တွန်းချင်တာက အဲဒီဒေသတွေအတွက်ပါ ဦးစားပေးအလိုက်ဆောင်ရွက်ပြီး နောင်ကျလို့ရှိရင် အဆင်ပြေအောင် နိုင်ငံတကာ အကူအညီများရောက်တဲ့နေရာ မှာ ရေဟာအရေးကြီးဆုံး ဖြစ်တဲ့အတွက် ဒါကိုလည်း ဦးစားပေးဆောင်ရွက်သင့်တယ်။ အဲဒီနည်းတူပဲ ဘတ်ဂျက်၊ ဘတ်ဂျက် ကိစ္စ ကျွန်တော်တို့ပြောပါတယ်။ အဲလိုပြောတဲ့နေရာမှာ ဒီနေ့ ဒီလိုအမှန်တကယ် လုပ်ဖို့လိုတဲ့ကိစ္စအတွက် ကျွန်တော်တို့ လွှတ်တော်ပိုင်းကတော့ ဘတ်ဂျက်နဲ့ ပတ်သက်လို့ သိပ်ပြီးကန့်သတ်စရာမရှိဘူး သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ပြည်ထောင်စု ဝန်ကြီးဌာနများက အမှန်တကယ်လိုအပ်နေတဲ့ဟာ တင်ပြမယ် ဆိုလို့ရှိရင် သက်ဆိုင်ရာ စီမံကိန်းကောင်မရှင် ဘဏ္ဍရေးကော်မရှင်မှ တင်ပြလာတဲ့အခါမှာ ဒီကိစ္စမျိုးအတွက်တော့ မိမိတို့လွှတ်တော်ဘက်က မည်သည့်နည်းနဲ့မှ ဖြတ်တောက်ခြင်းရှိမှာ မဟုတ်ကြောင်းနဲ့ လိုအပ်မယ်ဆိုလျှင် ထပ်ပြီးတော့ တင်နိုင်ပါကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဒါကြောင့်ဒီနေ့ ဒီလွှတ်တော်အစည်းအဝေးမှာ တင်ပြပေးတဲ့ ပြည်ထောင်စုဝန်ကြီးများ ဒုတိယဝန်ကြီးများကိုလည်း ကျေးဇူးတင်သလို သောက်သုံးရေ ဦးစားပေး၊ ဒုတိယဦးစားပေးကတော့ စိုက်ပျိုးရေ ကိစ္စများအတွက် လာမယ့်ကာလများမှာ ဦးစားပေးအဆင့် သတ်မှတ်ပြီး ထိုက်သင့်တဲ့စီမံကိန်း၊ ထိုက်သင့်ငွေများ တောင်းခံသွားဖို့အတွက် ဝန်မလေးပါနဲ့ ဆောင်ရွက်ပေး ပါလို့။ ပြောကြားလိုပါတယ်။

Standard (Image)