နေပြည်တော် - ဇန်နဝါရီ ၂၂
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. KANG Chang-hee တို့သည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိအဆောက်အဦ၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည့် လွှတ်တော် နှစ်ရပ်အကြား တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
ထိုသို့တွေ့ဆုံရာတွင်-
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားရာတွင် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ အဆွေတော်၏ခရီးစဉ်သည် မိမိတို့ လွှတ်တော်နှစ်ရပ်ကြားတွင်သာမကပဲ နှစ်နိုင်ငံပြည်သူ များအကြား၊ အစိုးရများအကြား ချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုများ တိုးမြှင့် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးရာရောက်ပြီး အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ပေးသည်ဟု ယူဆပါကြောင်း၊ ယနေ့ချိန်တွင် မိမိတို့နိုင်ငံ၌ ပါတီစုံ ဒီမိုကရေစီ စနစ်နှင့် ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်နိုင်ရန်အတွက် အခွင့်အလမ်းများရရှိနေပြီ ဖြစ်ပါကြောင်း၊ စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲကျင့်သုံးရာတွင် လွယ်ကူမှုမရှိပဲ အခက်အခဲ များစွာကြုံတွေ့ရမည် ကို မျှော်လင့်ထား ပြီးဖြစ်ပါကြောင်း၊ ဤသည်မှာလည်း ဖြစ်လေ့ဖြစ်ထ ရှိသည့် သဘာဝပင်ဖြစ်ပါကြောင်း၊ ထိုသို့အခက်အခဲများ ရှိသော်လည်း မိမိတို့အနေဖြင့် ဒီမိုကရေစီစနစ်ကို အောြင်မင်စွာ ဆောင်ရွက်သွားနိုင်မည်ဟု ခိုင်မြဲစွာသံန္နိဋ္ဌာန်ချ မှတ်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့်အတိတ်ကသင်ခန်းစာများကို ရယူဆောင်ရွက် လျက်ရှိနေသလို လက်ငင်းဖြစ်ပျက်နေသည့် အွခေအနေများအပေါ်သုံးသပ်ကာ ဒီမိုကရေစီ စနစ်ကျင့်သုံးသောနိုင်ငံများ၏ အကြံဉာဏ်များ၊ အတွေ့အကြုံများနှင့် အကူအညီများကိုလည်း ရယူဆောင်ရွက် သွားရန် ဆန္ဒရှိပါကြောင်း၊
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က ပြန်လည် ပြောကြားရာတွင် မိမိအနေဖြင့် ကိုရီးယားစစ်ပွဲကာလအတွင်း မြန်မာနိုင်ငံနှင့်ပြည်သူများ၏ ကူညီပံ့ပိုးမှုများကြောင့် ကိုရီးယားနိုင်ငံသည် ယနေ့စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာ၍ မြန်မာနိုင်ငံနှင့်ပြည်သူ များအား ကျေးဇူးတင်ရှိ ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ကို အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့သည့်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း၊ မြန်မာနိုင်ငံသည် အနာဂတ်အတွက် မှန်ကန်စွာရွေးချယ်နိုင်ခဲ့ ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်၍ အတွေ့အကြုံများစွာ ရှိသည့်အတွက် မြန်မာနိုင်ငံမှ ကြိုးပမ်းဆာင်ရွက်လျက်ရှိသည့်ကိစ္စများအား တစ်ဆင့်ပြီးတစ်ဆင့် ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ပံ့ပိုးမှုများလည်း ပေးအပ်သွားနိုင်ရေး ဆောင်ရွက်ပေးသွားမြည်ဖစ်ပါကြောင်း၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအား နီးကပ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွား မြည်ဖစ်ပါကြောင်း၊
ထို့နောက်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ပြောကြားရာတွင် အဆွေတော်မှ မိမိတို့နိုင်ငံက တစ်ချိန်ကပြုပေးခဲ့သည့် ကျေးဇူးများကို ထုတ်ဖော်ချီးမွမ်းပေးသည့်အတွက် ဂုဏ်ယူဝမ်းွမောက်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံသည် ဒီမိုကရေစီစနစ်ကျင့်သုံးပြီး နိုင်ငံ၏လူမှုစီးပွားရေးကိစ္စများ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းမှုရှိသော နိုင်ငံ များသည် ဒီမိုကရေစီစနစ်ကို စနစ်တကျကျင့်သုံးသော နိုင်ငံများဖြစ်ပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံသည် ကမ္ဘာ့စီးပွားရေးထိပ်သီးနိုင်ငံဖြစ်ပြီး နည်းပညာလည်းကြွယ်ဝပါကြောင်း၊ ထို့အပြင် အားကစား နှင့် ယဉ်ကျေးမှုကဏ္ဍများတွင်လည်း တိုးတက်သည့်နိုင်ငံ ဖြစ်ပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး လူဦးရေလည်း သင့်တင့်မျှတစွာရှိ၍ အဆွေတော်တို့နှင့် ပူးပေါင်းဆောင်ရွက်ပါက အတူတကွ ဖွံ့ဖြိုး တိုးတက်ပြီး နှစ်နိုင်ငံလုံးအတွက် အကျိုးရှိမြည်ဖစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်ပြီးဆောင်ရွက်လျက်ရှိနေပါကြောင်း၊ နိုင်ငံတိုးတက်ဖွံ့ဖြိုးရန် အတွက် စီးပွားရေးနှင့် အုပ်ချုပ်ရေး စီမံခန့်ခွဲမှု ဆိုင်ရာများလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ပြောင်းလဲဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊
ကိုရီးယားအမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြန်လည်ွပောကြားရာတွင် မြန်မာနိုင်ငံ သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် အာရှတွင် ထွန်းလင်းတောက်ပ လာမည့် နိုင်ငံတစ်နိုင်ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအားဖွံ့ဖြိုးတိုးတက်ရေး အကူအညီ( Development Assistant) တိုးချဲ့ပေး သွားမှာဖြစ်ကြောင်း၊ ယခုနှစ်အတွင်းမှာပင် ( Grant Aid Economic Development Co-operation Fund) ကိုလည်း တိုးချဲ့ပေးသွားမှာဖြစ်ကြောင်း၊ လွှတ်တော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍( Interparliamentary Friendship Group ) တည်ထောင် သွားလိုပါကြောင်း၊ လွှတ်တော်နှစ်ရပ်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ( Protocol on Co-operation ) သဘောတူလက်မှတ် ရေးထိုးသွားလိုပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ အပြန်အလှန်လည်ပတ်ခြင်းများ ဆောင်ရွက် သွားလိုပါကြောင်း၊ လိုအပ်သောအကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ် ပါကြောင်း၊ အဆွေတော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ပါကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ နှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက် ကြပြီး ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. KIM Hae-young နှင့် လွှတ်တော်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြသည်။(သတင်းစဉ်)
