၁၉၄၅ ခုနှစ် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းနိုင်သူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

၁၉၄၅ ခုနှစ် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းနိုင်သူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုတင်သွင်းထားသည့် တစ်ပိုဒ်ချင်းစီအလိုက်ဆွေးနွေး၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ဥက္ကဋ္ဌ။   ။ အစီအစဉ် ၈ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သော ၉-၁-၂၀၁၃ ရက်နေ့တွင် ၁၉၄၅ ခုနှစ် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းနိုင်သူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်ထောင်စုတရာလွှတ်တော်ချုပ်က လွှတ်တော်သို့တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။ ဤဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အစီရင်ခံစာ ဖတ်ကြား ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ ပြီးဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုတဲ့ လွှတ်တော်ျကိုယ်စားလှယ် များအနေဖြင့် မိမိပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာ အချက်အလက်များကို တိကျစွာ ရေးသားဖော်ပြ၍ ၂၂-၁-၂၀၁၃ ရက်နေ့တွင် နောက်ဆုံးထားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်း ရန်ကြေညာပြီးဖြစ်ပါတယ်။ ယနေ့အထိ ပြင်ဆင်ဆွေးနွေး ချက်များကို တင်ပြလာတဲ့ ကိုယ်စားလှယ်တစ်ဦးမျှမရှိပါ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တင်သွင်းသွားတဲ့ ၁၉၄၅ ခုနှစ် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းနိုင်သူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအပေါ် ဥပဒေကြမ်းကော်မတီရဲ့ အစီရင်ခံစာအရ ပြင်ဆင်ချက် တစ်စုံတစ်ရာမရှိကြောင်း တွေ့ရှိရပါတယ်။ ဒါကြောင့် ၁၉၄၅ ခုနှစ် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းနိုင်သူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအပေါ်မှာ ပြင်ဆင်ချက်မရှိ အတည်ပြုကြောင်း လွှတ်တော်ရဲ့ သဘောထားမေးမှာဖြစ်ပါတယ်။ လွှတ်တော်က သဘောတူပါသလားခင်ဗျား။

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

          ဥက္ကဋ္ဌ။           ။ သဘောမတူတဲ့သူရှိပါသလားခင်ဗျား။ လွှတ်တော်က သဘောမတူသူမရှိတဲ့ အတွက် ၁၉၄၅ ခုနှစ် ရွှေ့ပြောင်းနိုင်သော ပစ္စည်းအုပ်ထိန်းနိုင်သူ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြင်ဆင်ချက်မရှိ လွှတ်တော်က အတည်ပြုကြောင်းကြေညာပါတယ်။ (သြဘာသံများ)

Standard (Image)