နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အားလုံးမင်္ဂလာပါ။ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။
ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ကျင်းပတဲ့နေ့မှာ နာယကကြီးက လွှတ်တော်ဆောင်ပုဒ်ဖြစ်ပေါ်လာပုံကို ရှင်းလင်းပြောကြားခဲ့သလို ကျွန်တော်တို့ နိုင်ငံအတွင်း မှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ အကြောင်းအရာတွေထဲက သတိပြုဆင်ခြင် စဉ်းစားသုံးသပ်ရမည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ ယခုအခါ ပြည်ထောင်စုအစိုးရက တင်ပြလာတဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် ဥပဒေကြမ်းများအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များဟာ အပြုသဘောဆောင်ပြီး ကျယ်ကျယ် ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရှိပါတယ်။ ပြည်သူ့အသံများ၊ ပြည်သူ့ဆန္ဒများ၊ ပြည်သူ့ လိုအပ်ချက်များကို ထင်ဟပ်ပြီး ပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် ဖော်ဆောင်ရွက်နိုင်တဲ့ ဆွေးနွေးမှုများဖြစ်ကြောင်း လည်းလေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။
ပြည်သူ့ကိုယ်စားလှယ်များပီပီ ပြည်သူ့အကျိုး၊ ပြည်ထောင်စုအကျိုး အတွက် စေတနာကောင်းဖြင့် ဆွေးနွေးညှိနှိုင်း မှုများကို ပြည်ထောင်စုလွှတ်တော်က အလေးထား စဉ်းစား ဆုံးဖြတ်ပေး သွားခြင်းဖြင့် ပြည်သူတို့၏မျှော်လင့်ချက်ကို ဖော်ဆောင် သွားရန် လိုအပ်မည်ဖြစ်ပါကြောင်းလည်း ဦးစွာကြိုတင် တင်ပြလိုပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ပြည်ထောင်စုအစိုးရက တင်ပြလာသော စီမံကိန်းနှင့် ဘတ်ဂျက် ဥပဒေကြမ်း များကို လေ့လာသုံးသပ်ပြီး ကောင်းမွန်သော ဥပဒေ၊ ပြည်သူများ၏ဆန္ဒနှင့် လိုအပ်ချက်ကို အမှန်တကယ်ဖြစ်စေသော ပြည်သူ့အကျိုးစီးပွားနှင့် ပြည်ထောင်စု အကျိုးစီးပွားကိုဖြစ်စေသော ဥပဒေများ ဖြစ်လာရန် ပြည်ထောင်စုလွှတ်တော်တွင် တာဝန်ရှိနေပြီဖြစ်ပါတယ်။
ဒါ့ကြောင့် ဥပဒေကြမ်းမှာပါရှိနေတဲ့ အချက်အလက်နှင့် အကြောင်းအရာ များကို မဆီလျော်တာများ ဆီလျော်အောင်၊ ရှေ့နောက်မညီတာများ ရှေ့နောက် ညီအောင်၊ မမျှတတာတွေ မျှတအောင်၊ အကျိုးမရှိတာတွေ အကျိုးရှိအောင် ပြန်လည်စိစစ်ဆောင်ရွက်ပေးဖို့ လိုအပ်ပြီ ဖြစ်ပါတယ်။
ပြည်ထောင်စုအစိုးရကတင်ပြလာတဲ့ ယခုဘဏ္ဍာနှစ်အတွက် သုံးမည့် ငွေများဟာ ယခုလို ပြုပြင်ပြောင်းလဲနေပြီး နိုင်ငံကို ပြန်လည်ထူထောင်နေသည့် ကာလတွင် မဖြစ်မနေသုံးစွဲရမှာဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုသင့်ပါတယ်။ သို့ရာတွင် ယခုကာလမှာ မလိုအပ်သေးသော ကဏ္ဍတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းတွေမှာ သုံးမည့်အစား ယခု ယနေ့ကာလမှာ အမှန်တကယ်သုံးရန်လိုအပ်သည့် ကဏ္ဍတွေ၊ စီမံကိန်းတွေ၊ လုပ်ငန်းတွေမှာ ဦးစားပေးအသုံးပြုဖို့ လိုအပ်ပါတယ်။ သဘော ကတော့ အသုံးပြုရန်တင်ပြလာသော ဘတ်ဂျက်အသုံးကို ဖြတ်တောက်ခြင်း၊ လျော့ချခြင်း လုံးဝမပြုဘဲ ယနေ့ကာလအတွက် အမှန်တကယ်လိုအပ်သည့်နေရာ တွေမှာ အသုံးပြုရေးကို လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အလုပ်လက်မဲ့ဖြစ်နေသော ပြည်သူများ အထူးသဖြင့် လူငယ်များအတွက် လည်းကောင်း၊ ဆင်းရဲပြီး ဒုက္ခများနှင့်ရင်ဆိုင်နေရသော အောက်ခြေနိုင်ငံ့ဝန်ထမ်းများ အတွက်လည်းကောင်း၊ ဆင်းရဲပြီးကြွေးအထပ်ထပ် တင်နေသော တောင်သူလယ်သမား များနှင့် မွေးမြူရေးသမားများအတွက်လည်းကောင်း၊ ဆင်းရဲပြီးနေကြရသော အောက်ခြေအလုပ်သမားများအတွက်လည်းကောင်း၊ ငြိမ်းချမ်းရေးရလိုသူများ ငြိမ်းချမ်းရေးဖော်ဆောင်ရန် အတွက်လည်းကောင်း သက်ဆိုင်သည့်ကဏ္ဍအသီးသီး တွင် စီမံကိန်းအသွင် Campaign အသွင် စီမံချက်ရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို ထိုစီမံကိန်းများကို ဥပဒေအဖြစ်ပြဋ္ဌာန်း၍ ငွေကြေးအသုံးပြုနိုင်ရေးဟာ ယနေ့ကာလအတွက် မလုပ်မဖြစ် လုပ်ရမည့် ကိစ္စများဖြစ်ပါတယ်။
မသင်မနေရ မူလတန်းပညာရေးစနစ်ကျင့်သုံးရန်ဦးတည်နေသော ကျွန်တော်တို့ နိုင်ငံမှာ တွဲဖက်ကျောင်း၊ မူလွန်ကျောင်း၊ ကိုယ့်အားကိုယ်ကိုးကျောင်း၊ ကိုယ်ထူ ကိုယ်ထကျောင်းနှင့် ဘုန်းတော်ကြီးစာသင်ကျောင်းများတွင် ရပ်ရွာပြည်သူလူထု ငွေကြေးဖြင့်ခန့်ထားသော ဆရာ၊ ဆရာမများအား စိစစ်၍ ထောက်ပံ့မှုနှင့် ချီးမြှင့်ငွေကို လာမည့်ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ပေးနိုင်ရေး၊ ဆေးတက္ကသိုလ် ကျောင်းဆင်း၊ အလုပ်သင်ဆရာဝန်ဆင်းပြီး အလုပ်ထဲဝင်ဖို့ ဝန်ထမ်းရွေးချယ်ရေးမှ အကြောင်း မညီညွှတ်၍ အောင်မြင်မှုမရှိသောသူများကိုလည်း ဆေးကောင်စီလိုအဖွဲ့က (သို့မဟုတ်)သင့်တော်သည့်အဖွဲ့က စိစစ်ပြီး လိုအပ်တဲ့နေရာတွေမှာ ဆရာဝန် ခန့်ထားပြီး လိုအပ်ပါက နောင်မှပြန်ပြီး ဝန်ထမ်းလေ့ကျင့်ရေးကျောင်းတွင် သင်တန်းတက်ရေးကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် လည်းကောင်း၊ အခြားသင့်တော်ရာနည်းလမ်းတစ်ခုခုဖြင့်လည်းကောင်း အလျင်အမြန်ဆောင်ရွက် ပေးပြီး ကျေးလက်နှင့် မြို့ပြကျန်းမာရေးစောင့်ရှောက်မှုများစွာ မကွာဟစေရန် တို့ကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
လွှတ်တော်များက ပြည်သူ့လိုအပ်ချက်များကို ဖော်ဆောင်ပေးတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ယနေ့ ခံယူဆောင်ရွက်နေကြတဲ့အတိုင်း ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် အယူဘာသာ အစွဲမထားဘဲ နိုင်ငံတော်အတွက်၊ နိုင်ငံသားအကျိုးအတွက် အဓိကထား ဆောင်ရွက်နေခြင်းသည် ကောင်းမွန်မှန်ကန်တဲ့ ခံယူချက်နှင့် လုပ်ဆောင်ချက်များ ဖြစ်ကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများက ဖော်ပြနေပါတယ်။
ကျွန်တော်တို့တစ်တွေ ပြည်တွင်းငြိမ်းချမ်းရေး တကယ်လိုချင်တယ်ဆိုရင် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးများ ရှိဖို့ အတွက် တည်ဆဲဥပဒေများကို အားလုံးက လေးစားလိုက်နာရေးနှင့် တည်ငြိမ် အေးချမ်းရေးရရှိအောင် ဆောင်ရွက်ကြဖို့ လိုပါတယ်။
ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန်အတွက် ဥပဒေပြုရန် လိုအပ်၊ မလိုအပ် စဉ်းစားရန် လိုပါတယ်။ ဥပဒေအဖြစ်ပြဋ္ဌာန်းရန် မလိုအပ်သေးဟု ယူဆလျှင်လည်း ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်ရာမှာ ငွေကုန်ကြေးကျခံပြီး ဆောင်ရွက်ရမှာဖြစ်လို့ ပြည်သူ့ငွေများမှ ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စနစ်တကျ ဆောင်ရွက်ရန် လိုအပ်မှာဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းအသီးသီး၏ အကူအညီတွေ တကယ် ရမှာလား၊ ဘယ်လောက်ရမှာလဲ၊ ဘယ်တော့ရမှာလဲဆိုတာတွေ သေချာစွာ မသိရသေး လျှင်လည်း မိမိတို့၏ ပြည်သူ့ငွေများကို ဥစ္စာရင်လို ဥစ္စာရင်ခဲ ပြုလုပ်ရန် လိုအပ်နေပြီဖြစ်၍ လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်ပေးရန် လိုပါတယ်။ ထို့အတူ ငြိမ်းချမ်းရေးရရှိနိုင်ရန် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပြီး ငွေကြေးအကုန်အကျခံ ဆောင်ရွက်ရုံဖြင့် မရရှိနိုင်သေးပါဘူး၊ ပြည်ထောင်စုသား တိုင်းရင်းသားများအားလုံးက စိတ်စေတနာကောင်းများဖြင့် ပါဝင်ရန်လိုအပ်မှာဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြားချက်များသည် လက်တွေ့လိုက်နာနိုင်သော ဥပဒေ အဆင့်ဆင့်ရှိဖို့ အမှန်တကယ်လိုအပ်သလို ကိုင်တွယ်ကျင့်သုံးသောဌာနနှင့် နိုင်ငံ့ဝန်ထမ်းများသည်လည်း ကိုယ့်ဂုဏ်ကိုယ့်သိက္ခာနှင့် နေနိုင်၊ စားသောက်နိုင်တဲ့ အခြေအနေနှင့် အနေအထားရှိမှ ဖြစ်ပါမယ်။ ထိုအနေအထားမျိုး ရောက်ရှိ စေရန်နှင့် ဝန်ထမ်းတွေကို မလုပ်တတ်လျှင် လုပ်တတ်အောင်၊ မလုပ်ချင်လျှင် လုပ်ချင်အောင်၊ မလုပ်နိုင်လျှင် လုပ်နိုင်အောင် လေ့ကျင့်မှုတွေ၊ စီစဉ်ပေးမှုတွေနှင့် ပံ့ပိုးမှုတွေ ပြုလုပ်ပေးရန်လိုပါတယ်။ ဒါမှသာ အုပ်ချုပ်ရေးအဖွဲ့အစည်းများအပေါ် ပြည်သူလူထုက ယုံကြည်လေးစားပြီး ပြုပြင်ပြောင်းလဲရေး သွက်လက်မြန်ဆန် လာနိုင်ပါမယ်။ ထို့အတူ တရားဥပဒေစိုးမိုးရေး(Rule of Law)အတွက်လည်း အထောက်အကူဖြစ်လာနိုင်ပါမယ်။ ယနေ့ပြောနေကြတဲ့ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမယ်” ဆိုတဲ့စကားဟာလည်း ရုပ်လုံးပေါ် မှန်ကန်လာမှာ ဖြစ်ပါတယ်။
မနှစ်က ဒီလို ဘတ်ဂျက်အစည်းအဝေးကာလမှာ ဆွေးနွေးခဲ့ကြတဲ့အတွက် နိုင်ငံ့ ဝန်ထမ်းများအား ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ် (သုံးသောင်းကျပ်)ကို ပေးနိုင် ခဲ့ပါတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့နှစ်ကရခဲ့တဲ့ ထောက်ပံ့ငွေကို လစာငွေအဖြစ် လည်းကောင်း၊ ထပ်၍ သာမန်အသုံးငွေမှစိစစ်၍ စိစစ်ပြီးရရှိလာသောငွေကို ထောက်ပံ့ငွေအဖြစ်လည်းကောင်း ဆောင်ရွက်ပေးနိုင်ပါက ပြည်ထောင်စု လွှတ်တော်က ပြည်ထောင်စုအစိုးရနှင့် အစိုးရဝန်ထမ်းများ၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားနှင့်လိုအင်ဆန္ဒများအပေါ် အလေးထားပါကြောင်း၊ ကတိစကားများလည်း တည်ကြည်စေမှုပြုပေးနိုင်ပါကြောင်းကို ပြသဖော်ဆောင် နိုင်မည် ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဘဏ္ဍာနှစ်မှာ လစာတိုးပေးမည် ဆိုသောကတိစကားကို လွှတ်တော်ကိုယ်စားလှယ်များမှတ်သားပြီး ယခုလွှတ်တော် အတွင်းမှာ ဆွေးနွေးတောင်းဆိုပေးမှုများဟာလည်း အစိုးရအပေါ်နှင့် နိုင်ငံ့ဝန်ထမ်း များအပေါ် စေတနာထားခြင်းဖြစ်သလို နိုင်ငံတော်ကောင်းအောင် ဆွေးနွေးတောင်းဆိုခြင်းပဲလို့ မှတ်ယူလက်ခံပြီး ကျေးဇူးလည်းတင်ရမှာ ဖြစ်ပါတယ်။
ထို့အတူပဲ ရဲတပ်ဖွဲ့ဝင်အချို့ ငွေတောင်းခြင်း၊ အချို့ဝန်ထမ်းအဖွဲ့အစည်း များက မလျော်သော ငွေကြေးများ ရယူနေခြင်းများကို ဤခေတ်ပြောင်းကာလ ပြုပြင်ပြောင်းလဲရေးအချိန်တွင် မဖြစ်သင့်ကြောင်း ထောက်ပြဆွေးနွေး တင်ပြ နေကြခြင်းဟာလည်း အပြုသဘောဆောင်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ကိုယ်စားလှယ်များ၏ တင်ပြချက်များဟာ မှန်နိုင်ပါတယ်၊ ရဲတစ်ယောက်၊ အောက်ခြေဝန်ထမ်း တစ်ယောက်သည် သူနှင့် သူ့မိသားစု စားဝတ်နေရေး၊ လူမှုရေး အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ ဘယ်လိုနေမလဲ ဆိုတာကို စဉ်းစားကြည့်ဖို့ လိုသလို အောက်ခြေဝန်ထမ်းဦးစီးမှူး တစ်ယောက်အတွက်လည်း ရုံးလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးနှင့် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားပေးဖို့ လိုမှာဖြစ်ပါတယ်။ ယနေ့အချိန်အခါ အခြေအနေနှင့် ယှဉ်တွဲ စဉ်းစား သုံးသပ်ကြည့်ရင် ဘယ်လိုဖြစ်နေကြမလဲ။ ဒါကို စိစစ် စဉ်းစား သုံးသပ်ကြဖို့ လိုပါတယ်။ အဆင်မပြေလို့ ပုံစံအမျိုးမျိုးနှင့် ထွက်ခွာ သွားတာတွေ ရှိနေနိုင်ပါတယ်။ ကိုယ့်နိုင်ငံမှာ သင်ကြားတတ်မြောက်ထားတဲ့ ပညာနှင့် အစိုးရ ဝန်ထမ်းအဖြစ် ဝင်လုပ်မယ်ဆိုရင် ရတဲ့လစာနှင့် စရိတ်က ဘဝရပ်တည်ရှင်သန်ရေးအတွက် အခက်အခဲရှိလို့ နိုင်ငံရပ်ခြားကို ထွက်ခွာသွားနေတာတွေ ဘယ်လောက် ရှိပြီလဲ။ တစ်ချို့ကျတော့ အပြင်မှာလည်း အလုပ်မရှိ၊ အလုပ်မရ ဒါကြောင့် ဒီမှာကပ်ပြီး ဖြစ်သလိုလုပ် ဖြစ်သလိုနေနေရတာတွေ ဘယ်လောက်များနေလဲ။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အောက်ခြေဝန်ထမ်းတွေ အဆင်မပြေဘူးဆိုတာကိုသိရင် ဒီလိုဖြစ်ရတာ ဘယ်သူ့မှာတာဝန်ရှိကြသလဲ၊ ဘယ်သူတွေတာဝန်ယူမလဲ။ တာဝန်ယူတာဝန်ခံ ရမည့် အဖွဲ့အစည်းများမရှိဘူးဆိုလျှင် ပြည်ထောင်စုလွှတ်တော်ကပဲ တာဝန်ယူ တာဝန်ခံ ဆောင်ရွက်လိုက်လျှင် မသင့်ဘူးလား၊ မကောင်းဘူးလား။လုပ်ဖို့ သင့်တယ်၊ တာဝန်ယူဖို့သင့်တယ် ဆိုလျှင်လည်း အခုလွှတ်တော်အတွင်းမှာပဲ ဆောင်ရွက်ပေးနိုင်မလား စတဲ့မေးခွန်းများမေးလာရင်လွှတ်တော်က တာဝန်ယူ တာဝန်ခံ ဆောင်ရွက်သင့်တယ်ဆိုရင် - လွှတ်တော်ကိုတင်ပြလာမယ့် သာမန် အသုံးစရိတ်ငွေများကို စိစစ်ပြီး အမှန်တကယ် လိုအပ်မှာနှင့် မလိုအပ်သေး တာတွေကို ခွဲခြားကာ စိတ်ကောင်းစေတနာဖြင့် တာဝန်ယူ တာဝန်ခံပြီး ရုံးအဆင့်အတန်းအလိုက် လျော်ညီစွာအသုံးပြုရန် သင့်တင့်မျှတသော ရုံးအသုံး စရိတ်၊ အထွေထွေစရိတ်၊ ဝန်ထမ်းများ၏ နေ့တွက်စရိတ်၊ ခရီးစရိတ်၊ အခြား စရိတ်များကို စိစစ်တိုးမြှင့်ပေးဖို့နှင့် တကယ်လို့ ငွေပိုနေသေးလျှင် ဝန်ထမ်းများ အတွက် လစာငွေနှင့် ထောက်ပံ့ငွေ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာတို့နှင့် ညှိနှိုင်း စိစစ်ဆောင်ရွက်လျှင် ဖြစ်နိုင်ခြေရှိနိုင်ကြောင်းကိုလည်း လေ့လာတွေ့ရှိထား ပါတယ်။ ဒီကိစ္စအတွက် လွှတ်တော်သို့တင်ပြလာလျှင် အတည်ပြုပေးသင့်ကြောင်း လွှတ်တော်သို့ တင်ပြအပ်ပါတယ်။
နာယကကြီးနှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ကျွန်တော်တို့ လွှတ်တော်ဟာ ပြည်သူလူထုအကျိုး ပြည်ထောင်စုအကျိုးကို ကာကွယ်စောင့်ရှောက်သော ဥပဒေများ၊ ပြည်ထောင်စုအကျိုး ပြည်သူ့အကျိုးကို ဖြစ်ထွန်းစေသော ဥပဒေများပြုဖို့ အဓိကတာဝန်ရှိပြီး တာဝန်ကျေအောင် ဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။ ဥပဒေပြုတယ်ဆိုရာမှာ အသစ်ပြဌာန်းခြင်း၊ တည်ဆဲဥပဒေများအား ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အစားထိုးခြင်း တို့ပါဝင် ပါတယ်။ ဒါဟာလည်း ပြည်ထောင်စုလွှတ်တော်၏ အဓိက တာဝန်တစ်ရပ် ဖြစ်ပါတယ်။
ဥပဒေတစ်ရပ်ဖြစ်လာလျင် ထိုဥပဒေဟာ ပြည်သူပြည်သားတွေ လိုက်နာ နိုင်သော တရားမျှတသောဥပဒေများ ဖြစ်ဖို့လိုပါတယ်။ တရားမျှတမှုမရှိသော ဥပဒေများဖြစ်လျင် ၎င်းကိုအကြောင်းပြုပြီး မလိုက်နာနိုင်ကြတဲ့ ပြည်သူတွေဟာ အလိုအလျောက် ဥပဒေချိုးဖောက်သူတွေ လိုက်နာရန်ပျက်ကွက်သူတွေဖြစ်ပြီး ပြစ်ဒဏ်တွေခံရလျှင် ဝမ်းနည်းစရာကောင်းပါတယ်။ နိုင်ငံစည်းလုံးညီညွတ်မှု အားနှင့် စွမ်းဆောင်မှုအားတွေ ယုတ်လျော့သွားစေပါတယ်။
ဒါ့ကြောင့် ဥပဒေအရပ်ရပ်တိုင်းမှာ အကြောင်းအကျိုးလျော်ညီသော တရား မျှတသော အားလုံးက လိုက်နာသင့်သော လိုက်နာနိုင်သော ဥပဒေများဖြစ်ဖို့ လိုပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
အခွန်အခကောက်ယူနေခြင်းကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသုံးသပ်မှုများ ရှိပါတယ်။ ဒါဟာအကြောင်းအကျိုးလျော်ညီပြီး တရားမျှတ သော ဥပဒေကောင်းဖြစ်ဖို့ လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြသည့် တင်ပြချက်များတွင် ကဏ္ဍအလိုက်၊ နယ်ပယ်အလိုက်၊ လုပ်ငန်းအလိုက် ကောက်ခံကြမည့် နှုန်းထားနှင့် ကောက်ခံမှုပုံစံ၊ နည်းလမ်းများကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့ကိုယ်စားလှယ်များအား အသိပေးတင်ပြရန် လိုအပ်ပါတယ်။ ထိုအခါကျမှသာ ပြည်သူ့ကိုယ်စားလှယ် များက ဆွေးနွေးဆုံးဖြတ်ပြီး၊ အတည်ပြုပြဋ္ဌာန်းပေးနိုင်မှာဖြစ်လို့ အခွန်အခကောက်ခံ နေသည့် ဌာနအသီးသီးမှ လာမည့်ဘဏ္ဍာနှစ်အတွင်း ကောက်ခံမည့် အခွန်အခ ဆိုင်ရာ အမိန့်၊ ကြော်ငြာစာများ၊ ညွှန်ကြားချက်များကို လွှတ်တော်သို့ အမြန်ဆုံး တင်ပြရန် လိုအပ်ပါတယ်။
တင်ပြလာသော ဥပဒေကြမ်းများကိုလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ကြရမည့် သက်ဆိုင်ရာ ဌာနများ ဆွေးနွေးကြမှသာ အများပြည်သူတို့ အမှန်တကယ် လိုက်နာဆောင်ရွက် နိုင်သော အခွန်အခဆိုင်ရာ ဥပဒေကောင်းများ ပေါ်ထွက်လာပြီး နိုင်ငံတော် အကျိုးစီးပွားဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူလူထု၏ ပူးပေါင်း ပါဝင်မှုများပိုမိုရရှိလာပြီး ယနေ့ကြုံတွေ့နေသော အခွန်အခဆိုင်ရာများနှင့် စပ်လျဉ်းသော ကိစ္စရပ်များဖြစ်သည့် အခွန်ရှောင်ခြင်း၊ ပုန်းကွယ်ခြင်း၊ အခွန်ဆောင်သူနှင့် အခွန်စည်းကြပ်သူ အကြား ဖြစ်ပေါ်လေ့ရှိတတ်သော အဂတိတရား၊ လာဘ်ပေးလာဘ်ယူမှုနှင့် မဖွယ်မရာပြုမှုများကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။
ထိုအဖြေကောင်းနှင့် လုပ်နည်းလုပ်ဟန်များရရှိရေးအတွက်ကို အခွန်ထမ်းများ၊ ပြည်သူများနှင့် ပြည်သူ့ ကိုယ်စားလှယ်များ၏ အကြံဉာဏ်နှင့် ပူးပေါင်းပါဝင်မှု များဟာ များစွာ အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံတကာအကူအညီ၊ အဖွဲ့အစည်း များ၏အကူအညီ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဘဏ်များ၏အကူအညီ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကိုရယူခြင်းဟာ လိုအပ်တာအမှန်ပင်ဖြစ်ပါတယ်။ သူတို့တစ်တွေ လာရောက်ကူညီ ရင်းနှီးမြှုပ်နှံကြလျှင်လည်း သူတို့အတွက် တန်ရာတန်ကြေး ပြန်ပေးလိုက်ရမှာဖြစ်ပါတယ်။ ဒါဟာလည်း သဘာဝကျပါတယ်။ ကျွန်တော်တို့ နိုင်ငံ၏ အများစုဖြစ်သော တောင်သူလယ်သမားများ၊ မွေးမြူရေးသမားများ၏ ဆင်းရဲမှုလျော့နည်းရေးအတွက် စီမံကိန်းအသွင်ဖြင့် ဥပဒေများပြဌာန်း ဆောင်ရွက် ပေးလျှင်အောက်ခြေ အလုပ်သမားများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက် စီမံ ဆောင်ရွက်ပေးလျှင် ယနေ့မြန်မာနိုင်ငံ၏ဆင်းရဲမှုရာခိုင်နှုန်းဟာ ခဏချင်းပင် ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့လွှတ်တော်က ဖော်ဆောင်ပြီး အားလုံးနှင့်ပူးပေါင်း ဆောင်ရွက်သွားရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ တောင်သူ လယ်သမားများအတွက် ကာကွယ်ပေးမည့်ဥပဒေများ အလျင်အမြန် ထုတ်ပြန်ပြီး လက်တွေ့ကျကျ ဆောင်ရွက်အကောင်အထည်ဖော်ပေးဖို့ လိုပါတယ်။ ဆင်းရဲမှုလျော့နည်းရေးအတွက် စိုက်ပျိုးစရိတ် ချေးငွေပမာဏ၊ အတိုးနှုန်းထား၊ ပြန်လည်ပေးဆပ်ရမည့် ကာလသတ်မှတ်ချက်ကို ဥပဒေပြဋ္ဌာန်း ဆောင်ရွက်ခြင်း၊ လယ်ယာထွက်ကုန်သီးနှံများအား အနိမ့်ဆုံးဈေးနှုန်း သတ်မှတ် ဝယ်ယူရေးဥပဒေကို အချိန်ကာလသတ်မှတ်ကာ ပြဋ္ဌာန်းခြင်းအား လက်တွေ့ကျကျ ဆောင်ရွက်ပါလျှင် အကြွေးထူသော ဆင်းရဲဒုက္ခရောက်နေကြသော တောင်သူ လယ်သမားများကို အကောင်းဆုံး ကူညီဆောင်ရွက်ပေးရာရောက်သလို သီးနှံများ ထွက်ရှိမှုပမာဏ ပိုများလာခြင်း၊ အရည်အသွေး ပိုကောင်းလာခြင်းများကြောင့် ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုအခန်းကဏ္ဍပါ ပိုမိုတိုးတက်လာကာ အလုပ်အကိုင်ရရှိမှု၊ အခွင့်အလမ်း၊ လုပ်ခလစာမြင့်မားလာမှုများကို လယ်ယာလုပ်သားများသာမက အခြားလုပ်သားများအတွက်ပါ ပိုမိုရရှိလာမှာ သေချာပါတယ်။ ထို့အတူ မွေးမြူရေးသမားများအတွက်လည်း ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ဤစီမံကိန်းသည် လက်တွေ့ကျပြီး အလျင်အမြန် အကျိုးဖြစ်ထွန်းလာမည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့နည်းရေး စီမံကိန်းပင် ဖြစ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
နိုင်ငံစီးပွားရေးအတွက်၊ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘဏ်စနစ် ကောင်းမွန်ဖို့လိုသလို ငွေကြေးမူဝါဒ (Monetary Policy) နှင့် ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) ဟာလည်း အလွန်အရေးကြီးပါတယ်။ ထို့အတူ နိုင်ငံစီးပွားရေး အတွက် သင့်တင့်မျှတသော ငွေလဲနှုန်းများရှိဖို့၊ အထူးသဖြင့် ကိုယ့်နိုင်ငံ အကျိုးစီးပွားရှိဖို့အတွက် ကိုယ့်နိုင်ငံထွက်ကုန်၊ ထုတ်ကုန်များအပေါ် နိုင်ငံသုံးငွေ ထိုက်တန်စွာရဖို့အတွက် ဆောင်ရွက်နေရမှာဖြစ်ပါတယ်။ ထိုသို့ ဆောင်ရွက်ရာမှာ ကိုယ့်နိုင်ငံ ငွေကြေးတန်ဖိုး မလိုအပ်ပဲမြင့်မားအောင် ဖန်တီး ပြုလုပ်မှုကိုမခံပဲ နိုင်ငံစီးပွားရေး ဆက်လက်ကောင်းမွန်နေအောင် ငွေလဲနှုန်းများကို သင့်တော်သလို ထိန်းညှိပေးလို့ စီးပွားရေးကောင်းလာပြီး ဆက်လက် ကောင်းအောင်လည်း ဆောင်ရွက်နိုင်တဲ့နိုင်ငံများကို သိသာထင်ရှားစွာ တွေ့မြင်နေပါလျက်နဲ့ ကျွန်တော်တို့ နိုင်ငံဟာ ထိုနိုင်ငံများကဲ့သို့ ဘာလို့မကျင့်သုံးနိုင်ရတာလဲ ဆိုတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။ နိုင်ငံဝန်ထမ်းနှင့် အလုပ်သမားများ၏ ဝင်ငွေ တစ်ဦးချင်း ဝင်ငွေ Per Capital Income ကို နိုင်ငံခြားငွေနှင့် ဖော်ပြရာမှာ အမြင်ကောင်း အောင်၊ ကိန်းဂဏန်းများအောင် တစ်ဒေါ်လာငွေလဲနှုန်း (၈၅၀)ကျပ် ဝန်းကျင်မှာပဲ ထားနေတာလား၊ တစ်ဒေါ်လာ (၉၅၀)၊ (၁၀၀၀)နှုန်း ဝန်းကျင်ထားရှိဆောင်ရွက်မှ နိုင်ငံနှင့် ပြည်သူအတွက်ကောင်းမှာကို သိလျက်နှင့် မျက်ကွယ်ပြုနေကြတာလား ဆိုတဲ့အသံတွေ -
ပြည်တွင်းစိုက်ပျိုးရေး၊ မွေးမြူရေးသမားများသာမက ကုန်ထုတ်လုပ်သူ CMP လုပ်ခလစာစားနေသူများဟာ ငွေလဲလှယ်နှုန်းကြောင့် အခက်အခဲတွေ ရောက်နေတာကို မျက်ကွယ်ပြုထားတာဟာ ကောင်းကြသလား၊ တာဝန်ကျေ ကြသလားဆိုတဲ့ ငြီးတွားသံတွေ ကြားသိနေရပြီ။ ဒီအသံတွေ ဟာလည်း မှန်နေပြီဆိုရင်။
တကယ်လို့ တာဝန်ယူဖို့၊ တာဝန်ခံဖို့ အခက်အခဲရှိနေကြလျှင်လည်း ပြည်သူ့ ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်ကို ဖော်ဆောင်ပေးပါမယ်လို့ ခံယူထားတဲ့ ကျွန်တော်တို့ လွှတ်တော်က တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ပေးဖို့ လိုပါပြီ။ လိုပြီလို့ဆိုရင် လိုအပ်သော ညှိနှိုင်း ဆုံးဖြတ်ဆောင်ရွက်မှုတွေ အမြန်လုပ်ဖို့ လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။
အလျဉ်းသင့်လို့ ရုရှားနိုင်ငံမှာ ဗဟိုဘဏ်နှင့် နိုင်ငံတော်စာရင်းစစ်ချုပ်များ ရွေးချယ်တာဝန်ပေးမှုကို တင်ပြလိုပါတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌကို အောက်လွှတ်တော်က ဒုတိယဥက္ကဋ္ဌကို အထက်လွှတ်တော်က ရွေးချယ်ပေးရပြီး စာရင်းစစ်ချုပ်ကို အောက်လွှတ်တော်က၊ ဒုတိယစာရင်းစစ်ချုပ်ကို အထက်လွှတ်တော်က ရွေးချယ် တာဝန်ပေးပါတယ်။ ပြည်သူ့ဘဏ္ဍာငွေများကို စာရင်းစစ်ချုပ်က စစ်ဆေးပေးနေ ခြင်းဟာ ပြည်သူ့ငွေကို ဗဟိုဘဏ်က စနစ်တကျ ထိန်းသိမ်းပြီး ဘဏ်နှင့် ငွေကြေးကဏ္ဍကို ကောင်းမွန်ခိုင်မာအောင် ဆောင်ရွက်သလို ထိုပြည်သူ့ငွေများကို စာရင်းစစ်က စစ်ဆေးကြပ်မတ်ပေးပြီး ပြည်သူများကို တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ပေးနေကြပါတယ်။ ဘယ်လိုစနစ်ပဲ ကျင့်သုံးကျင့်သုံး ဗဟိုဘဏ်နှင့် ဆက်စပ်သောငွေကြေးကဏ္ဍနှင့် ပြည်သူများ၏ငွေကြေးများကို စနစ်တကျ စီမံခန့်ခွဲပြီး ပြည်သူလူထုနှင့်တိုင်းပြည် စီးပွားရေးအခြေအနေ ကောင်းအောင်၊ အဆင်ပြေတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခွင့်ရှိတဲ့ ဗဟိုဘဏ်နှင့် ပြည်သူများ၏ ငွေကြေးများကို စည်းစနစ်ကျကျနှင့် မှန်မှန်ကန်ကန်သုံးစွဲမှုရှိရေးအတွက် စစ်ဆေးပေးရတဲ့ စာရင်းစစ်ချုပ်တို့၏ အခန်းကဏ္ဍဟာ အလွန်အရေးကြီးသည့် အတွက် ယင်းတို့ကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်မှ အားပေးကူညီဆောင်ရွက်ရန်သင့်ပါကြောင်း တင်ပြ အပ်ပါတယ်။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ကျွန်တော်တို့ မှတ်သားနာယူဘူးပါတယ်။
ခြောက်တိုင်းလည်းမကြောက်နှင့်၊ မကြောက်ပဲလဲမနေနဲ့။
မြှောက်တိုင်းလည်း မမြောက်နှင့်၊မမြောက်ပဲလဲမနေနဲ့။
ချော့တိုင်းလည်း မပြော့နဲ့၊ မပြောပဲလဲမနေနဲ့ ဆိုတဲ့စကား။
ကျွန်တော်တို့ဟာ စိတ်ကောင်းစေတနာများဖြင့် ဖြစ်ပေါ်နေသော ပကတိ အခြေအနေများအပေါ် ဉာဏ်ပညာအမြော်အမြင်ဖြင့် မှန်ကန်စွာ ရှုမြင် ဆင်ခြင် သုံးသပ်ပြီး ရဲဝံ့စွာ ဆုံးဖြတ်ဆောင်ရွက်ကြရမည့်အချိန်သို့ ရောက်နေပါပြီ။
နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
နိဂုံးချုပ်တင်ပြလိုပါသည်မှာ-
(၁) နိုင်ငံ့ဝန်ထမ်းများ ကိုယ့်ဂုဏ် ကိုယ့်သိက္ခာနှင့် နေထိုင်စားသောက် လုပ်ကိုင်နိုင်ရေးအတွက် သာမန်သုံးငွေခေါင်းစဉ်အောက်က အချို့သော အတိုင်းအတာအထိ ပြောင်းလဲပြီး နိုင်ငံ့ဝန်ထမ်းများ၏ လစာ၊ စရိတ်ကို သင့်တင့်မျှတစွာဖြည့်ဆည်းပေးရေး၊ " ထိုသို့ဆောင်ရွက်ရာတွင် သာမန် သုံးငွေများကို ထပ်တောင်းရန် မလိုပဲနှင့် ဆောင်ရွက်ပေးရန် ။ "
(၂) ဆင်းရဲမှုလျှော့ချရန် စီမံကိန်းအသွင်ဖြင့် တောင်သူလယ်သမား၊ မွေးမြူရေး သမားများ အလုပ်သမားများအတွက် အကာအကွယ်ပေးသောဥပဒေ ပြဋ္ဌာန်းပြီး လက်တွေ့ကျကျ ထိထိရောက်ရောက် ဆောင်ရွက်ပေးရေး၊ အလုပ်လက်မဲ့ ပပျောက်ရေးအတွက်လည်း စီမံကိန်းများ ချမှတ်ရန်။
(၃) ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး ဆောင်ရွက်ရာတွင် လိုအပ်က ဥပဒေ ပြုရေးနှင့် ငွေကြေးသုံးစွဲခွင့် ခိုင်မာစွာရှိရန် ဆုံးဖြတ်ပေးရေး။
(၄) ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်သူလူထုထံမှ ကောက်ခံမည့် အခွန်ဥပဒေများ ဖြစ်သည့် သက်ဆိုင်ရာဋ္ဌာနအသီးသီးက ထုတ်ပြန်ထားသော ဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို ပြည်ထောင်စုလွှတ်တော်သို့ ရသုံးမှန်းခြေ ငွေစာရင်းနှင့်အတူတင်ပြစေပြီး ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ဥပဒေပြုရေး။
(၅) နိုင်ငံအနှံ့တွင်ရှိနေသော တွဲဖက်ကျောင်း၊ မူလွန်ကျောင်း၊ ကိုယ့်အား ကိုယ်ကိုးကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများမှာ ရပ်ရွာ ပြည်သူလူထုငွေကြေးဖြင့် အမှန်ခန့်အပ် သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမများအား စိစစ်အတည်ပြုပြီး ထိုက်သင့်သော ထောက်ပံ့မှုနှင့် ချီးမြှင့်မှုကို လာမည့်ဘဏ္ဍာနှစ်အစမှာ ပေးအပ်ရေး။
(၆) ဆေးကျောင်းအောင်ပြီး အလုပ်သင်ဆရာဖြစ်ပြီး ဆရာဝန်များအား လိုအပ်ချက်အရ အလုပ်အရင်ခန့်ပြီး နောင်မှလိုအပ်သော သင်တန်း တက်ရေးနှင့် ကျေးလက်နှင့် မြို့ပြကျန်းမာရေး စောင့်ရှောက်မှု မကွာဟရေးအတွက် ဆေးရုံ ဆေးခန်း အဆင့်ဆင့် တိုးချဲ့ရေးနှင့် ဆရာဝန်၊သူနာပြု ခန့်အပ်ပေးနိုင်ရန် လွှတ်တော်မှ နည်းလမ်း တစ်ခုခုနဲ့ ချမှတ်ပြီး ဆုံးဖြတ်ဆောင်ရွက်ပေးရေး။
(၇) အထက်ပါ တင်ပြချက်များမှ ဆက်စပ်သက်ဆိုင်သည့်ကိစ္စရပ်များအား ဤ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် စီမံကိန်းနှင့် ရသုံးမှန်းခြေ၊ အခွန်ဥပဒေ များတွင် တစ်ပေါင်းတစ်စည်းတည်း ဆုံးဖြတ်၍ပြဋ္ဌာန်းပြီး ပြည်သူလူထု၏ မျှော်လင့်ချက်များကို ဖော်ဆောင်ပေးကြရာတွင်-
အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့
ဆိုတဲ့ ဆိုစကားအတိုင်း ဆောင်ရွက်သွားကြဖို့ နာယကကြီးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
___________________________________________________________________________
Speech Delivered by Thura U Shwe Mann,
Speaker of the Pyithu Hlutaw,
At the Pyidaungsu Hlutaw
25 February 2013
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
On the opening day of the sixth regular session of thePyidaungsu Hlutaw, our esteemed Speaker explained how the motto of the Hlutaw came to be adopted. He also pinpointed the national issues that require particular attention today. The observations of the Hlutaw representatives with regard to bills related to the 2013-2014 budget have been constructive, wide ranging and profound. It can be seen that the discussions reflected the voice, the will and the needs of our people and are conducive to the implementation of national interests.
I would like to begin by saying that as befits the people’s representatives, the Pyidaungsu Hlutaw must fulfill the hopes of the public by giving serious emphasis to decisions made on issues discussed in all sincerity, with the national interest in mind.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
The Pyidaungsu Hlutaw, after due consideration of the bills presented by the Government on the national plan and the budget, will have to bear responsibility for the enactment of sound legislation that will benefit the people and the nation and genuinely accord with public aspirations.
It is therefore necessary to review facts and items in the bills that these might be rendered appropriate, consistent, fair and beneficial.
The expenditures proposed by the Government for this financial year are undeniably necessary at this time of change and reconstruction and should be approved. However, instead of spending on sectors, programmes and activities where there is no immediate need, priority should be given to those sectors, projects and activities which are truly essential. That is to say, instead of cutting or reducing proposed expenditure in any way at this time, the Hlutaw should endeavour to direct spending towards those areas where there is most need.
We should undertake schemes, either in the form of programmes or of campaigns, in relevant sectors in the interests of the unemployed, especially the young unemployed; of poor and debt ridden farmers and livestock breeders; and of destitute labourers. It is imperative that we act to enact the necessary legislation for the implementation of such projects.
As our country moves towards compulsory primary school education for all, community hired teachers at affiliated schools, post-primary schools, self-help schools and monastic schools should be assessed and assistance and salaries provided for them from the national budget during the coming financial year. We also need to narrow the gap between urban and rural health care. Medical School graduates and those who have completed their residential house training but for various reasons failed to pass the Union Civil Services Board examinations should be appointed as doctors wherever there is need. Arrangements should be made, either through a decision of the Pyidaungsu Hlutaw or by some other means, to make it possible for them to receive training as quickly as possible, if necessary at the Central Institute of Civil Services.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
In working to fulfill the requirements of the people, the members of the Hlutaw have pursued a path free from such bias as might have arisen from undue attachment to a particular party, dogma, geographical region, race or religion. The discussions within the Hlutaw prove that this practice of placing supreme importance on the interests of the nation and the people is right and proper.
If we truly desire peace within our country, we must strive to establish rule of law and tranquility that we might achieve national unity and reconsolidation.
We need to consider whether there is a need for legislation for the attainment of peace. Even if there is not yet a need for legislative action, we must set aside from public moneys a specific fund as the peace process will need to be carried out systematically and at some expense.
Therefore, if we cannot be certain whether, to what extent and when we might expect aid from donor countries and international organizations, we ourselves must invest in the peace process and the Hlutaw must make appropriate decisions. We should also note that peace cannot be achieved simply through legislation and financing; all the peoples of the Union must participate in the process with sincerity and good will.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
Not only must existing laws, by-laws, rules, regulations, procedures, notifications and directives be practicable, there is a need to ensure that the departments and civil servants concerned are able to maintain a life style that is consonant with dignity and integrity. To achieve such ends, arrangements must be made to train and assist civil servants who are incompetent, unwilling or unable to carry out their duties. Only then will the public develop confidence in the administration and the reform process can be hastened. This would also constitute an aid to the cause of the rule of law. Moreover, the frequently heard remark, “good civil servants make a good nation,” will then be proved true.
As a consequence of the discussions during the budget session last year, we were able to provide civil service personnel with a monthly allowance of K. 30,000. If the allowance could now be made part of the regular salary and if, after due scrutiny of common expenditure, enough funds could be found to provide a new allowance, it would be evidence that the Pyidaungsu Hlutaw takes serious heed of the desires and requirements of the Union Government civil service personnel and of the general public and that it honours its promises. Therefore, Hlutaw representatives should remember their promise to increase salaries during the next financial year. Moreover, the discussions and demands put forward at this Hlutaw should be viewed as manifestations of good will towards the Government and civil service personnel.
Similarly, discussions that focus on the undesirability of such malpractices as members of the police force demanding bribes or civil services misappropriating funds, should be seen as constructive.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
The submissions of our Representatives may well be correct. We should consider how a policeman or a junior member of the civil service might be able to make ends meet. We should also consider how a junior official might be enabled to discharge his departmental duties while at the same time upholding his integrity. What is it like for them in the context of our present situation? There may be those who have left this country because of various difficulties. How many are leaving for foreign lands because it would be hard for them to survive on the salaries they would earn were they to join the civil service with the education they have received in this country? And how many are clinging on here in any way they can because they cannot get jobs abroad?
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
If we know that our basic civil service personnel are in difficulties, who will take responsibility for them? If no institution will assume such responsibility, would it not be appropriate for the Pyidaungsu Hlutaw to take on the task? If it is considered appropriate for the Hlutaw to take on this task, it could be asked whether this should not be done during the present session of the Hlutaw. In such a case, we shall have to take the responsibility of scrutinizing proposed expenditure, separating the essential from the inessential and making appropriate allotments to increase allowances for service personnel. In the event that extra funds are available, we have found that we should be able to raise salaries as well as supplementaries through consultation and coordination with those concerned. Should this matter be brought up before the Hlutaw, we should give it our approval.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
Our Hlutaw has the vital responsibility of passing laws that will benefit the people and the nation and we must discharge this responsibility conscientiously. Legislation includes the enactment of new laws as well as amendment, abrogation and substitution with regard to existing laws. This also is an essential responsibility of the Hlutaw.
We must enact laws which are just and which the public can be reasonably expected to uphold. It would be sad if people were to become lawbreakers, and thus render themselves liable to punitive measures, simply because of their inability to abide by unjust laws. This would weaken national solidarity and capability.
Therefore each and every law must be just and reasonable that the people might be able to uphold it.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
Hlutaw Representatives have been examining and discussing matters related to taxation. This is aimed at ensuring fair and reasonable legislation. However the Hlutaw needs to be apprised of the ways and means by which taxes will be collected in the sectors, regions and enterprises concerned that our Representatives may be able to consider and approve proposals. Therefore during the coming financial year, relevant departments should submit orders, notifications and directives related to taxation to the Hlutaw at the earliest possible date.
It is only through discussions between Pyidaungsu Hlutaw Representatives and the departments responsible that it will be possible to produce good, practicable taxation laws that will benefit the nation. Then only will we be able to overcome such problems as tax evasion, concealment, bribery and other undesirable practices.
The coordinated efforts and reflections of taxpayers, the general public and Representatives of the people will contribute greatly towards good solutions and procedures.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
Investments from the international community, from organizations, from the World Bank and from Asian banks are crucial for our economic reform process. It is only natural that we will have to provide appropriate returns for those who come to invest. The degree of poverty in our country could be reduced through legislated programmes aimed at alleviating poverty among cultivators and livestock breeders, who constitute the majority of our population, and among basic labourers and civil service personnel. Our Hlutaw will have to realize this through cooperation with all concerned. We need swiftly to enact laws that will protect the rights of cultivators as provided in the Constitution and to bring these laws into force. If agriculture loans, interest rates and due dates are regulated by law; and if a fixed period during which minimum prices for agriculture produce are made to prevail is established practicably, we will be providing destitute cultivators with the best possible assistance. Moreover, with improvements in both the quality and quantity of agriculture produce, there will be improvement in trade and the service industries, increased job opportunities and higher income, not just for agricultural labourers but for other labourers as well. Similar schemes will have to be implemented for livestock breeders. This is a pragmatic plan that will bear quick results for rural development and poverty reduction.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
A sound banking system and comprehensive monetary and fiscal policies are crucial for national economic development and the economic well being of our people. We also need a reasonable exchange rate; in particular we should strive to earn fair prices for our products. In this endeavour we should not allow the value of our currency to be kept artificially high. With the evidence before our eyes of countries that have managed to maintain a thriving economy through sensible regulation of the value of their currency, we have to question why we do not adopt similar measures. There is criticism that the exchange rate has been fixed at K850 to the dollar just to make the per capita income of our government civil servants and labourers look better. The fact that the interests of our country and people would be better served if the exchange rate were kept between K950 and K1000 to the dollar has been ignored.
We also hear complaints that it is irresponsible and reprehensible that the difficulties of our agriculturists and livestock breeders, as well as manufacturers and CMP salaried workers (garment factory workers), arising out of the present exchange rate, have also been ignored. Are such complaints justified?
If there is reluctance to assume responsibility in these matters, it falls to our Hlutaw, which has undertaken to fulfill the wishes and expectations of the people, to assume this responsibility. If we decide to do so, we must carry out necessary negotiations and make speedy decisions.
I would like to take the opportunity to bring up the subject of how the Governor of the Central Bank and the Auditor General are appointed in Russia. The Lower House nominates the Governor of the Bank while the Upper House nominates the Deputy Governor. Similarly, the Lower House nominates the Auditor General and the Upper House nominates the Deputy Auditor General.
As the Central Bank works to ensure a sound banking and monetary system and the methodical management of public funds, the Auditor General monitors these funds and is responsible to the public. Whichever system may be adopted, the roles of the Central Bank, which regulates monetary matters and manages public monies, and the Auditor General, whose scrutiny ensures the correct and systematic disbursement of public funds, are of supreme importance. Therefore, it is incumbent on the Pyidaungsu Hlutaw to make possible the independent discharge of their duties in accordance with the law.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
Do not be frightened by every act of intimidation; yet be not entirely without fear.
Do not be elated by every act of flattery; yet do not be entirely without elation.
Do not be softened by every act of propitiation; yet do not remain entirely unsoftened.
I understand that the above are words of advice given by a revered abbot to our national leader Bogyoke Aung San. It is now time for us to assess our actual situation intelligently and correctly with genuine good will and to take brave decisions.
Mr. Speaker, Representatives of the Pyidaungsu Hlutaw:
In conclusion, I would like to urge:
1) The provision of decent salaries and allowances for our civil servants through adjustments to common expenditure, without requests for extra funds.
2) The enactment of laws for the protection of cultivators, livestock breeders and labourers in the form of programmes for the alleviation of poverty; and the implementation of programmes for the elimination of unemployment.
3) If necessary, the passing of legislation and approval of funding to assist the peace process in our country.
4) That departments concerned be asked to submit for approval by the Hlutaw, together with the budget estimates, laws, directives and ordinances related to taxation during the financial year 2013-2014.
5) Assessment of community-hired teachers at affiliated schools, post-primary schools, self-help schools and monastic schools, with a view to appointing them officially and providing their salaries from the national budget, beginning at the start of the coming financial year.
6) Decisions that would enable medical school graduates who have completed their residential house training to be appointed as doctors as need arises. Required courses could be completed in time; means must be found to upgrade clinics and hospitals and to appoint doctors and nurses so that the gap between urban and rural health care might be narrowed.
7) We should incorporate the above proposals into the process by which we approve the national plan, budget and taxation laws for 2013-2014, with the aim of fulfilling the hopes of our people. Despite the fact that we may have to face criticism and ridicule, I would like to urge the Pyidaungsu Hlutaw, through our esteemed Speaker, to pursue the path of public service unwaveringly with good will and vision.
