ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကနေဒါ ပါလီမန်အတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် - ဖေဖော်ဝါရီ ၂၀

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကနေဒါ ပါလီမန်အတွင်းဝန် H.E. Mr. Deepak Obhrai ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

 ယင်းသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ ကော်မတီအတွင်းရေးမှူးများဖြစ်ကြသည့် ဦးမောင်တိုး၊ ဦးဝင်းမြင့်၊ ဒေါ်ဒွဲဘူ ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ - ကနေဒါ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ် ပိုမိုပူးပေါင်းဆောင်ရွက် သွားနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များ အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ (သတင်းစဉ်)

Standard (Image)