ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ် ဖြစ်သူ H.E. Mr. Yohei SASAKAWA နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၁၂

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Yohei SASAKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှမြင်‌့ဦး၊ ဦးစိုးနိုင် နှင်‌့ ဦးဌေးမြင်‌့၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဝင်းဦး နှင်‌့ ဒေါက်တာဝင်းမြင်‌့၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင်‌့အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာ၌ မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင်‌့ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှု ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ (သတင်းစဉ်)

Standard (Image)