နေပြည်တော် - မတ် ၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(USAID) အုပ်ချုပ်ရေးမှူး Dr. Rajeev Janardan Shah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့ လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည် ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ အတွင်းရေးမှူး များ ဖြစ်ကြသည့် ဒေါက်တာစိုးရင်၊ ဦးမောင်တိုး၊ လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ(USAID) အုပ်ချုပ်ရေးမှူး Dr. Rajeev Janardan Shah နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek J. Mitchell နှင့် USAID မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံလွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဆင်းရဲမှု လျော့ချရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)
