ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် Hanns Seidel Foundation (HSF) မှ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Christian Hegemer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် - ဖေဖေါ်ဝါရီ ၂၈

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား Hanns Seidel Foundation (HSF) မှ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Christian Hegemer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လည် (၂း၅၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရေးရာဆောင် (I - 1) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်နှင့်Hanns Seidel Foundation (HSF) နှစ်ဖက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ လူ့စွမ်းအားအရင်အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် အခြားအကူအညီပေးရေးဆိုင်ရာတို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
 အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ နိုင်ငံတစ်ကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ပြည်သူ့ငွေစာရင်းကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဝင်းသိမ်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး Hanns Seidel Foundation (HSF) မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Christian Hegemer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။ (သတင်းစဉ်)

Standard (Image)