ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန် ကုန်သည်ကြီးများ အသင်းမှ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် - ဖေဖော်ဝါရီ ၂၈

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် အမေရိကန်ကုန်သည်ကြီးများအသင်း၊ ဒုတိယဥက္ကဋ္ဌ Ms.Tami Overby ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံလွှတ်တော်နှင့် အစိုးရများအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ္ဍာရေးလုပ်ငန်းများနှင့် ကုန်သွယ်မှု လုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငွံပည်သူများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက် ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌဦးနန္ဒကျော်စွာ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးသူရိန်ဇော်၊ ဦးတီခွန်မြတ်နှင့် ဦးဌေးမြင့် အတွင်းရေးမှူးများဖြစ်ကြသည့် ဒေါက်တာစိုးရင်နှင့် ဦးမောင်တိုး၊ လွှတ်တော်ကိုယ်စားများနှင့် လွှတ်တော်ရုံးမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။(သတင်းစဉ်)

Standard (Image)