နေပြည်တော် (၂၅-၃-၂၀၁၃)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် ထိုင်းနိုင်ငံ အောက်လွှတ်တော်မှ ဒုတိယအတွင်းဝန်ဖြစ်သူ Mr. Charae Panpruang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လည် (၁၄ း ၃၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင် (I- 1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာလွှတ်တော်နှင့် ထိုင်းနိုင်ငံ လွှတ်တော် နှစ်ရပ်ကြား ဆက်ဆံရေးပိုမိုတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အပြန်အလှန် ကူညီဆောင်ရွက်ပေးရေး ဆိုင်ရာတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ လွှတ်တော်အခွင့်အရေးကော်မတီအဖွဲ့ဝင် ဦးအောင်ဆန်း၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးညွှန့်လှိုင်၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ အောက်လွှတ်တော်မှ ဒုတိယ အတွင်းဝန်ချုပ်ဖြစ်သူ Mr. Charae Panpruang နှင့်တူ ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ကြပါသည်။
