ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ်လ ၁၅

 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း မစ္စတာ တိုနီဘလဲ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား  ယနေ့နေ့လည် ၁ နာရီ ၅၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌ များဖြစ် ကြသည့် ဦးလှမြင့်ဦးနှင့် ဦးတီခွန်မြတ်၊ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးမောင်တိုး၊ ဦးစောလှထွန်းနှင့် ဦးကိုကိုထွန်း၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ လွှတ်တော်ရေးရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

(သတင်းစဉ်)

Standard (Image)