နေပြည်တော်၊ ဧပြီ-၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ဘရပ်ဆဲလ်မြို့ရှိ ဥရောပပါလီမန်၊ လူ့အခွင့်အရေးကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ Mrs. Barbara Lochbihler ဦးဆောင်သောအဖွဲ့သည် ယနေ့နေ့လည် (၁၄း၀၀)နာရီတွင်နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ကော်မတီဆောင်အမှတ် (၁)၊ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံအတွင်းစားနပ်ရိက္ခာဖူးလုံရေး ကိစ္စရပ်များ နှင့် မြန်မာ့ လွှတ်တော်ကိုယ်စားလှယ်များ ဥပရောပပါလီမန်သို့ လာရောက်လေ့ လာရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်တူ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမောင်ဦး၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးဆိုင်ရာကော်အတီမှ အတွင်းရေးမှူး ဦးတင်မောင်ဝင်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ အဖွဲ့ဝင် များဖြစ်ကြသော ဦးခင်မောင်ထွန်း၊ ဒေါ်သန်းသန်းရီ၊ ဦးတင်ဝင်း၊ ဦးအောင်မြင့်နှင့် လွှတ်တော် ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ (သတင်းစဉ်)
