ပြည်သူူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌတို့အား နော်ဝေနိုင်ငံ၊ လောင်စာဆီဖွံ့ဖြိုး တိုးတက်မှု ပရိုဂရမ်ဆိုင်ရာအဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော် မတ် ၂၉
    ပြည်သူူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်နှင့် အဖွဲ့တို့အား နော်ဝေနိုင်ငံ၊ လောင်စာဆီဖွံ့ဖြိုးတိုးတက်မှု ပရိုဂရမ်ဆိုင်ရာအဖွဲ့အား ၂၀၁၃ခုနှစ်၊ မေလ ၂၉ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀း၃၀)နာရီ အချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာအဆောင် အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

<--break->
    ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ၏ Oil For Development အစီအစဉ်နှင့် ပတ်သက်၍ ဧည့်သည်အဖွဲ့မှ ရှင်းလင်းပြောကြားပါသည်။ ယင်းအစီအစဉ်မှာ ကမ္ဘာရှိနိုင်ငံပေါင်း ၂၅ နိုင်ငံတွင်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင်လည်း စတင်ကျင့်သုံးလို၍ လာရောက်တွေ့ဆုံခြင်း ပြောကြားပါသည်။ အထူးသဖြင့် မဏ္ဏိုင်ကြီးသုံးရပ်ဖြစ်သော Resource Pillar, Finance Pillar, Enviroment Pillar တို့အတွက် တာဝန်ရှိဌာနဆိုင်ရာများနှင့် လွှတ်တော်ကော်မတီဝင်များကို တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။
    လွှတ်တော်ကော်မတီတို့မှ ဆွေးနွေးရာတွင်- လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဧည့်သည်မှ ဖော်ပြသည့် မဏ္ဏိုင်ကြီးသုံးရပ်အနက် Resource Pillar, Enviroment Pillar တို့မှ မိမိတို့ကော်မတီနှင့် တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ မိမိတို့ကော်မတီဝင်များ၏ Capacity building နှင့် Development အတွက်  လိုအပ်သော စာအုပ်၊ စာတမ်းများ၊ သင်တန်းများ ပို့ချကူညီမည်ဆိုပါက အကျိုးကျေးဇူးဖြစ်ထွန်းမည် ဖြစ်ပါကြောင်းပြောကြားပါသည်။
   အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလွန်းသီ၊ အတွင်းရေးမှူး ဦးသိန်းလွင်၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမောင်မောင်၊ ဦးစိုင်းမောင်တင်၊ ဦးသိန်းရီ နှင့် ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ အတွင်းရေးမှူး ဦးမောင်တိုး၊ အဖွဲ့ဝင်းများဖြစ်ကြသော ဦးအောင်လင်းလှိုင်၊ ဒေါ်တင်နွယ်ဦး၊ ဦးညီညီမြင့်တို့ တက်ရောက်ကြပါသည်။

Standard (Image)