ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နှုတ်ခွန်းဆက်အမှာစကား ပြောကြား

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ကောင်းကျိုးလိုရာ ပြည့်စုံ ကြပါစေ။

မိမိတို့လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် တာဝန် ရှိသော ဥပဒေပြုရေးနှင့် အပြန်အလှန် ထိန်းကျောင်းရေးတို့ကို လက်တွေ့ကျကျ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြပါစေ။

<--break->

မိမိတို့နိုင်ငံတွင် လိုအပ်နေသော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စတဲ့ ကိစ္စများဟာ တစ်ခုနှင့်တစ်ခု ဆက်စပ် နေကြပါတယ်။

ပြဋ္ဌာန်းလိုက်သော ဥပဒေများနှင့်ပတ်သက်၍ ဥပဒေများကို စီမံခန့်ခွဲ အကောင်အထည်ဖော်ကြသူများနှင့် လိုက်နာကြရသော ပြည်သူများ၊ အဖွဲ့အစည်းများနှင့်လည်း ဆက်စပ်နေပါတယ်။

ထို့ကြောင့် ဥပဒေများပြဋ္ဌာန်းရာတွင် တရားမျှတပြီး ပြည်သူများ အမှန်တကယ် လိုက်နာသင့်သော၊ လိုက်နာနိုင်သော ဥပဒေများ ပြဋ္ဌာန်းရန် လိုအပ်ပါတယ်။

ဤတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြရပါမယ်၊ ဆောင်ရွက် ရာတွင် စိတ်ကောင်းစေတနာ Good Will  များ ထားရှိပြီး ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး ဖြစ်ထွန်းစေအောင် ဆောင်ရွက်ရပါမယ်။

ဒါနဲ့လည်း မပြီးသေးပါဘူး၊ ထို ဥပဒေများကို အမှန်တကယ်လိုက်နာခြင်း ရှိ/မရှိ၊ မရှိက ပြည်သူ့ ကိုယ်စားလှယ်များ၊ ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားသော လွှတ်တော်များက ပြည်သူများ ကိုယ်စား စောင့်ကြည့်ထိန်းကျောင်းရန် လိုအပ်ပါတယ်။

ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးတွင် တာဝန်ရှိသည်၊ တာဝန်သိပါ၊ တာဝန်ကျေပါလို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

Standard (Image)