နေပြည်တော် ဇွန် ၁၂
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား မြန်မာ-ထိုင်းပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Alongkorn Ponlaboot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်သူ့လွှတ်တော်ကော်မတီဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိရေး၊ မြန်မာ-ထိုင်း နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်ကြား ပိုမိုချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် အနာဂါတ်ကာလတွင် နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတို့တွင် တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် အတူ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌဦးသူရိန်ဇော် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အတွင်းရေးမှူး ဦးသန်းမြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်ထွန်းနှင့် ဦမြင့်ဆွေတို့ တက်ရောက်ကြြှပီး မြန်မာ- ထိုင်း ပါလီမန် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr.Alongkorn Ponlaboot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အတူလွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ (သတင်းစဉ်)
