နေပြည်တော်၊ ဇွန် ၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့နံနက် ၁၀ နာရီတွင် ကိုရီးယား သမ္မတနိုင်ငံ၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Lim Kwan-Bin ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ထွန်း၊ ဦးခင်စိုးနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)
Standard (Image)
