ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General Sir David Richard ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဦးစီးချုပ် General Sir David Richard ဦးဆောင်သည့်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

 ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စရပ်များနှင်‌့ သက်ဆိုင်ရာ ကဏ္ဍ အလိုက် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော်  ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်ဆွေ၊ ဦးခင်မောင်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)

Standard (Image)