ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား တရုတ်မြန်မာစီးပွားရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အသင်းမှ ဥက္ကဋ္ဌဖြစ်သူ Mr. Hu Wei Hsin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော် ဇွန် - ၂၇

<--break->

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ အား တရုတ်မြန်မာစီးပွားရေးနှင့်ယဉ်ကျေးမှုဖလှယ်ရေးအသင်းမှ   ဥက္ကဋ္ဌဖြစ်သူ Mr. Hu Wei Hsin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ(၁၅း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့ လွှတ်တော် ကော်မတီဆောင် အမှတ်(၁)ဧည့်ခန်းမ၌  လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်ဝမ်နှစ်နိုင်ငံအကြား ပိုမိုချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို အပြန်အလှန် ရင်းနှီးစွာဆွေးနွေးခဲ့ကြ ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီမှအဖွဲ့ဝင်ဖြစ်သူ ဦးအောင်ဆန်း၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးအောင်မြင့်သိန်း၊ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးစိုးဝင်း၊ ပြုပြင်ပြောင်းလဲရေးနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ဦးသန်းစိန်နှင့်အတူ လွှတ်တော်မှတာဝန်ရှိသူများ တက်ရောက်ကြပြီး၊ တရုတ်မြန်မာ စီးပွားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အသင်းမှ ဥက္ကဋ္ဌြဖစ်သူ Mr. Hu Wei Hsin နှင့်အတူ တာဝန်ရှိသူ များတက်ရောက်ကြပါသည်။

Standard (Image)