နေပြည်တော်၊ ဇူလိုင် ၁၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျ ဓနသဟာယနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီး Hon. Mr. Bob Carr ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွတ်တော်အဆောင်အဦ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-သြစတြေးလျ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်နှီးပွင့်လင်းစွာဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Bronte Moules လည်း တက်ရောက်သည်။ (သတင်းစဉ်)
