ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ ဖိလစ်ပိုင်နိုင်ငံ၊ First Asia Pacifice ကုမ္ပဏီလီမီတက်မှ Executive President, Mr. Stanley Yang ဦးဆောင်သော အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၉

ပြည်သူ့လွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးလွန်းသီ၊ ဖိလစ်ပိုင်နိုင်ငံ၊ First Asia Pacifice ကုမ္ပဏီလီမီတက်မှ Executive President, Mr. Stanley Yang ဦးဆောင်သော အဖွဲ့အား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၉ ရက် (အင်္ဂါနေ့) မွန်းလွဲ (၁၃း၀၀) နာရီအချိန်တွင် နေပြည်တော်၊ လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

<--break->

ထို့သို့တွေ့ဆုံရာတွင် ဧည့်သည့်အဖွဲမှ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် မျှော်မှန်းချက်များ၊ ဆောင် ရွက်နေမှုများ၊ အထူးသဖြင့် Natural Resources Sector တွင် သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဓါတ်ငွေ့နှင့် စားအုံးဆီလုပ်ငန်းများကို ဖိလစ်ပိုင်နိုငံတွင် အောင်မြင်စွာ ဆောင်ရွက်ချက်များကို ရှင်းလင်းဖော်ပြဆွေးနွေးပါသည်။

ကော်မတီမှ ပြည်သူ့လွှတ်တော်ရှိ ကော်မတီများအဖွဲ့စည်းဆောင်ရွက်နေမှု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ တာဝန်များ၊ ဥပဒေများ လေ့လာဆောင်ရွက်နေမှုများကို ရှင်းပြပြီး မြန်မာနိုင်ငံတွင် လာရောက် ရင်နှီးမြုပ်နှံမှု အတွက်ကြိုဆိုပါကြောင်း၊ လိုအပ်ချက်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

Standard (Image)