ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာသည် အရှေ့တောင်အာရှ ဥပဒေနှင့် မူဝါဒရေးရာ အကြံပေးအဖွဲ့အစည်း တစ်ခုဖြစ်သည်‌့ Vriens & Partners မှ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Romain Caillaud ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေဆုံ

နေပြည်တော်၊ ဇူလိုင် ၉

<--break->

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်    ပြည်သူ့လွှတ်တော်၊    ဒုတိယဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာ သည် အရှေ့တောင်အာရှ ဥပဒေနှင့် မူဝါဒရေးရာ အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်သည်‌့ Vriens & Partners မှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Mr. Romain Caillaud ဦးဆောင်သော အဖွ့ဲမှ ယနေ့ (၉ - ၇ -၂၀၁၃)ရက်နေ့မွန်းလွဲ (၄း၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်ရေးရာ ဆောင်  (၁) ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်အတွင်းဆောင်ရွက်နေသည့် ဥပဒေရေးရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်စိုး၊ ဦးဝင်းမြင့်၊ ဒေါက်တာသီတာဦး၊ ဒေါက်တာတင်မေထွန်းတို့နှင့်အတူ လွှတ်တော်ရုံးမှတာဝန်ရှိသူများ၊ Vriens & Partners မှ ဦးဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Mr. Romain Caillaud နှင့် ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

Standard (Image)