နေပြည်တော်၊ ဇူလိုင် ၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၄ နာရီတွင် US-ASEAN Business Council မှ President Mr. Alexander Feldman ဦးဆောင်သော အမေရိကန် စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထို့သို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးတီခွန်မြတ်၊ ဦးဌေးမြင့်၊ ကော်မတီအတွင်းရေးမှူးများ၊ ကော်မတီ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)
ဓါတ်ပုံများ
http://pyithuhluttaw.gov.mm/photo/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%A5%E1%80%80%E1%81%A0%E1%82%92-%E1%80%9E%E1%80%B0%E1%80%9B%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%80%99%E1%80%94%E1%80%B9%E1%80%B8-us-asean-business-council-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%94%E1%80%A1%E1%80%AC%E1%80%B8-%E1%80%9C%E1%80%80%E1%80%B9%E1%80%81%E1%80%B6%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%80%86%E1%80%B6%E1%80%AF
