ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးလှမြင့်ဦးနှင့် ဦးညွှန့်တင် တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Vasily B. POSPELOV ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၄

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် အမျိုးသားလွှတ်တော် အာဆီယံ၊ နိုင်ငံရေးနှင့်လုံခြုံရေး၊ အသိုက် အဝန်းကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်တင် တို့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သံအမတ်ကြီး H.E. Mr. Vasily B. POSPELOV ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၄ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ အဆောင်အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့ တွေ့ဆုံ့ရာတွင် မြန်မာနှင့် ရုရှလွှတ်တော် များအကြား ပူးပေါင်းဆောင်ရွက်ရေး၊ ရင်နှီးစွာ ဆက်ဆံရေး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီများ အချင်းချင်း လုပ်ငန်းအတွေ့အကြုံများ ဖလှယ်ရေး ကိစ္စရပ်များအပါအဝင် ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးမြှင့်ရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူငွေစာရင်းကော်မတီ အတွင်းရေးမှူး၊ ဦးမောင်တိုး၊ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြပါသည်။

Standard (Image)