နေပြည်တော်၊ ဇူလိုင် ၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr. Murray McCully ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်၊ ကျန်းမာရေးမြင့်တင်မှုကော်မတီ အတွင်းရေးမှူး ဒေါက်တာနေလင်း၊ ပြည်သူ့ငွေစာရင်း ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဝင်းမြင့် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီး H.E Mr. Tony Lynch လည်း တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာ၌ မြန်မာ - နယူးဇီလန် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ ရပ်များ၊ နှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဧည့်သည်တော် နိုင်ငံခြားရေးဝန်ကြီနှင့် အဖွဲ့ဝင်များသည် ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ကျင်းပနေမှုအား တက်ရောက် ကြည့်ရှုလေ့ လာခဲ့ကြသည်။ (သတင်းစဉ်)
