ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗြိတိန်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ R.t Hon John Bercow ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၃၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် ၁၁ နာရီတွင် ဗြိတိန်နိုင်ငံအောက်လွှတ်တော်ဥက္ကဋ္ဌ The Right Honorable Mr. John Bercow ဦးဆောင်သည့် အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်ရေးရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဌေးဦး၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ဦးဉာဏ်ဆွေဝင်း၊ ဒေါ်နန်းဝါနု၊ ဒေါ်ခင်စောဝေ၊ ဒေါ်နန်းစေအွာ၊ ဒေါ်မိယဉ်ချမ်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E Mr. Andrew Heyn လည်းတက်ရောက်သည်။

တွေ့ဆုံပွဲ အပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ The Right Honorable Mr. Jhon Bercow ဦးဆောင်သည့် အဖွဲ့အား ထမင်းစားခန်းမကြီး၌ နေ့လည်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ နေ့လည်စာ စားပွဲသို့ ပြည်သူ့လွှတ်တောဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမြညိမ်းနှင့် လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ အတွင်ရေးမှူးများ၊ အဖွ့ဲဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေ့လည်စာစားပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဗြိတိန်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြသည်။ ၎င်းနောက် ဖျော်ဖြေရေးအဖွဲ့ဝင်များအား ဗြိတိန် လွှတ်တော်ဥက္ကဋ္ဌမှ အမှတ်တရလက်ဆောင်ပန်းခြင်းပေးအပ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးကာ အခမ်းအနား ပြီးဆုံးခဲ့သည်။ (သတင်းစဉ်)

ဓါတ်ပုံများ

http://pyithuhluttaw.gov.mm/photo/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A5%E1%80%80%E1%81%A0%E1%82%92-%E1%80%9E%E1%80%B0%E1%80%9B%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%80%99%E1%80%94%E1%80%B9%E1%80%B8-%E1%81%BF%E1%80%97%E1%80%AD%E1%80%90%E1%80%AD%E1%80%94%E1%80%B9%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%81%8A-%E1%80%B1%E1%80%A1%E1%80%AC%E1%80%80%E1%80%B9%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%A5%E1%80%80%E1%81%A0%E1%82%92-rt-hon-john-bercow

Standard (Image)