နေပြည်တော်၊ ဇူလိုင် ၂၉
ပြည်သူ့လွှတ်တာ်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက်(၁၁)နာရီတွင် လွှတ်တော် သို့ လာရောက်လေ့လာ သည့် မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ဝါဝါထွန်း ဦးဆောင်သောလေ့လာရေး အဖွဲ့အား နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသော ဦးဌေးဦး၊ ဦးမောင်မောင်သိမ်း၊ ဦးမောင်မောင်ဆွေ၊ ကော်မတီအဖွဲ့ဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)
Standard (Image)
