ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၅

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

<--break->

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း က အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအား ရှင်းလင်း တင်ပြကာ ကော်မရှင်အဖွဲ့ဝင်များမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများက ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေ ဆွေးနွေးတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ (သတင်းစဉ်)

ဓါတ်ပုံများ

http://pyithuhluttaw.gov.mm/photo/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%95%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A5%E1%80%80%E1%81%A0%E1%82%92-%E1%80%9E%E1%80%B0%E1%80%9B%E1%80%A6%E1%80%B8%E1%80%B1%E1%82%90%E1%82%8A%E1%80%99%E1%80%94%E1%80%B9%E1%80%B8-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%90%E1%80%AE%E1%81%8A-%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%84%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%81%8F-%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%84%E1%80%94%E1%80%B9%E1%80%B8%E1%81%AB%E1%80%BD%E1%80%AD%E1%82%8F%E1%82%88%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%A1%E1%80%B1%E1%80%9D%E1%80%B8%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%95

Standard (Image)