ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၂၄

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E Mr. Nguyen Sinh Hung ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ သူရဦးအောင်ကို၊ ဦးစိုးနိုင်၊ ဦးလှမြင့်ဦး၊ ဦးမောင်မောင်ဆွေ၊ ဦးဌေးမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဗီယက်နမ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Pham Thanh Dung လည်းတက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။(သတင်းစဉ်)

ဓါတ်ပုံများ

http://pyithuhluttaw.gov.mm/photo/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A5%E1%80%80%E1%81%A0%E1%82%92-%E1%80%9E%E1%80%B0%E1%80%9B%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%80%99%E1%80%94%E1%80%B9%E1%80%B8-%E1%80%97%E1%80%AE%E1%80%9A%E1%80%80%E1%80%B9%E1%80%94%E1%80%99%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%9B%E1%80%BD%E1%80%9A%E1%80%B9%E1%80%9C%E1%80%85%E1%80%B9%E1%80%9E%E1%80%99%E1%81%BC%E1%80%90%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A5%E1%80%80%E1%81%A0%E1%82%92

Standard (Image)