ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် ၂၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ General Fan Changlong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ ဇမ္ဗူသီရိခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ သူရဦးအောင်ကို၊ ဦးစိုးနိုင်၊ ဦးလှမြင့်ဦး၊ ဦးတီခွန်မြတ်၊ ကော်မတီအတွင်းရေးမှူး ဦးမောင်တိုး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Yang Houlan လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီင်းပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ (သတင်းစဉ်)

ဓါတ်ပုံများ

http://pyithuhluttaw.gov.mm/photo/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%9C%E1%82%8A%E1%80%90%E1%80%B9%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%A5%E1%80%80%E1%81%A0%E1%82%92-%E1%80%9E%E1%80%B0%E1%80%9B%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%80%99%E1%80%94%E1%80%B9%E1%80%B8-%E1%80%90%E1%82%90%E1%80%AF%E1%80%90%E1%80%B9%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%9E%E1%80%B0%E1%82%94%E1%80%9C%E1%80%BC%E1%80%90%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%81%8A-%E1%80%97%E1%80%9F%E1%80%AD%E1%80%AF%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%80%E1%80%AC%E1%80%B9%E1%80%99%E1%80%9B%E1%80%BD%E1%80%84%E1%80%B9

Standard (Image)