နေပြည်တော်၊ ဇူလိုင် ၁၂
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာကျော်မြင့် နှင့် အဖွဲ့သည် UNAIDS မှ ဒုတိယ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Jan Beagle နှင့် Ms.Marie Claire Thoumyre တို့အား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ ရေးရာဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ထိုသို့တွေ့ ဆုံဆွေးနွေးရာတွင် HIV/AIDS နှင့်ပတ်သက်၍ ဆေးရုံများအတွက်လိုအပ်ချက်များ၊ ကုသမှုပိုင်း ဆိုင်ရာများ၊ HIV/AIDS ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းလေ့ကျင့် ပေးရေး / ဆွေးနွေးပွဲ များပြုလုပ်ပေးရေး တို့ကို ဆွေးနွေးကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာကျော်မြင့်၊ အတွင်းရေးမှူး ဒေါက်တာနေလင်းနှင့် အဖွဲ့ဝင်များဖြစ်သော ဒေါက်တာ ခင်မောင်ဆွေ၊ ဒေါက်တာအောင်သန်း နှင့် ဒေါက်တာဒေါ်သန်းငွေတို့ တက်ရောက်ကြပါသည်။
