ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အာရှ-ပစိဖိတ်ဌာန အကြီးအကဲ Ms.Jyoti Sanghera အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း သည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ၏ အာရှ-ပစိဖိတ်ဌာန အကြီးအကဲ Ms.Jyoti Sanghera ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အာရှ-ပစိဖိတ်ဒေသတွင် လုပ်ဆောင်ချက်များနှင့် မြန်မာပြည်တွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သော ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံလွှတ်တော်များတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သော နိုင်ငံတကာ စာချုပ်စာတမ်းများ၊ သဘောတူညီချက်များ လေ့လာရေးတွင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး၊ အဖွဲ့ဝင် ဦးမျိုးဇော်အောင် နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်

Standard (Image)