နေပြည်တော်၊ သြဂုတ် ၁၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား သြစတြေးလျနိုင်ငံ၊ Sydney တက္ကသိုလ်မှ Mr.Andrew Mcleod ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက် (၉း၁၅) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ရေးရာဆောင်၊ အမှတ်(၁) ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်၌ ဆောင်ရွက်လျက်ရှိသော ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်စိုးတို့ တက်ရောက်ပြီး သြစတြေးလျနိုင်ငံ၊ Sydney တက္ကသိုလ်မှ Mr.Andrew Mcleod ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် အတူ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ (သတင်းစဉ်)
