နေပြည်တော် - သြဂုတ် ၁၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်းနှင့် အမေရိကန် နိုင်ငံ ကာကွယ်ရေး ဒုတိယဝန်ကြီးဟောင်း Dr. Paul Wolfowitz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော ဦးလှမြင့်ဦး၊ ဦးဋ္ဌေးမြင့်၊ ကော်မတီအဖွဲ့ဝင် ဒေါက်တာဝင်းမြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် သည်။ (သတင်းစဉ်)
Standard (Image)
