ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ၊ သြဂုတ် ၁၃

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့ညနေ ၃ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ ဥက္ကဋ္ဌ ဦးခင်မောင်အေး ဦးဆောင်သည့် အဖွဲ့အား လက်ခံတွေ့ဆုံသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် သူရဦးအေးမြင့်၊ ဦးဌေးဦး၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

Standard (Image)