ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၃၀

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားအား နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆာင်၌ လက်ခံတွေ့ဆုံသည်။

<--break->

ထို့သိုတွေ့ဆုံရာတွင် လွှတ်တော်ရေးရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သတ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။ (သတင်းစဉ်)

 

ဓါတ်ပုံများ


 

Standard (Image)