၂၀၁၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမို ကရေစီနေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၉

<--break->

၂၀၁၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရေးဗဟိုကော်မတီ ၏ ညှိနှိုင်း အစည်း အဝေးကို ယနေ့နေလည် ၁၄း၀၀နာရီ တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ၂၀၁၃ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့  အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ  ဦးဌေးဦးနှင့် ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေး၌ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဌေးဦး ကအဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်၌ ကျရောက်မည့် ၂၀၁၃ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားကိုအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးအတွက် လုပ်ငန်းကော်မတီများမှ မိမိတို့ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ် ဆောက်ရွက်ကြရန်မှာကြားသည်။

ယင်းနောက် လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်သိန်းက အခမ်းအနားကျင်းပရေး အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ လုပ်ငန်းကော်မတီ(၆) ခုမှ ဥက္ကဋ္ဌများက မိမိတို့ လုပ်ငန်းကော်မတီ အလိုက် ပြင်ဆင်ဆောက်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း ရှင်းလင်း တင်ပြ ကြသည်။

ထို့နောက် ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးဌေးဦးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ ၂၀၁၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားကို  ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ ဒီမိုကရေစီနေ့ ဆိုင်ရာစာတမ်းဖတ်ပွဲများဖြင့် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံများ

Standard (Image)