ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း Nippon Foundation ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၈

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်း သည် ဂျပန်နိုင်ငံ၊ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei SASAKAWA ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အဦ၊ ပြည်သူ့လွှတ်တော် အစည်းအဝေးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြ သည့် ဦးလှမြင့်ဦး၊ ဦးတီးခွန်မြတ်၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်စိုး၊ ဦးကြည်ထွဋ်ဝင်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော်နှင့်တူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. Mikio NUMATA လည်းတက်ရောက်သည်။ (သတင်းစဉ်)

Standard (Image)