ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား ဥပရောပသမဂ္ဂရုံး သံရုံးတာဝန်ခံဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်   ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာအား မြန်မာနိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂရုံး သံရုံးတာဝန်ခံ Mr. Alistair MacDonald ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင်   နေပြည်တော်ရှိလွှတ်တော် ကော်မတီဆောင်အမှတ်(၁) သို့     လာရောက်တွေ့ဆုံ သည်။

<--break->

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ပြုလုပ်ကျင်းပမည့် မြန်မာ-ဥရောပသမဂ္ဂ လုပ်ငန်းအဖွဲ့အစည်းအဝေး အစီအစဉ်တွင်   လွှတ်တော်၏   ပါဝင်မှုအခန်းကဏ္ဍနှင့် လွှတ်တော် ကိုယ်စားလှယ်များပါဝင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂပါလီမန်နှစ်ရပ်ကြား ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့်လွှတ်တော်များကို  ဥရောပသမဂ္ဂမှ အကူအညီပေးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့်အတူ     ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်စိုးနှင့်ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

Standard (Image)