နေပြည်တော် နိုဝင်ဘာ ၆
ဥပဒေပြု လွှတ်တော်များနှင့် UNDP ပူးပေါင်း၍ Rebuilding Rule of Law in Myanmar: professional training and education for existing legal practitioners လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်ထောင်စု လွှတ်တော်နာယက ဦးစီး၍ ယနေ့မွန်းလွဲ ပိုင်းတွင် လွှတ်တော်ဝင်း ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမြညိမ်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲ မှုကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌ များနှင့် ကော်မတီဝင်များ၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၊ နိုင်ငံ သားများ၏ မူလအခွင့်အရေး၊ ဒီမို ကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင် ရာကော်မတီ၊ မဟာဗျူဟာလေ့လာ ရေးနှင့် သုတေသနကော်မတီ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်တို့မှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ လွှတ်တော်ရုံးအသီးသီးနှင့် ဌာနဆိုင်ရာအကြီးအမှူး များနှင့် UNDP မှ တာဝန်ရှိသူများတက် ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က အမှာစကားပြော ကြားသည်။ ယင်းနောက် Rebuilding Rule of Law in Myanmar : professional training and education for existing legal practitioners နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တက်ရောက်လာသည့် ဒုတိယဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကော်မတီ၊ ကော်မရှင်ဥက္ကဋ္ဌများ နှင့် အဖွဲ့ဝင်များ၊ UNDP မှ ကိုယ် စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များက ဆွေးနွေးကြသည်။ ထို့နောက် ပြည်ထောင်စု လွှတ်တော်နာယကက နိဂုံးချုပ် အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
