နေပြည်တော်၊ နိုဝင်ဘာ ၁၄
ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးနန္ဒကျော်စွာနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ်များအား နေပြည်တော်၌ ရောက်ရှိနေသော အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)အထွေထွေအတွင်းရေးမှူး မစ္စတာ အီမယ်လ်ဒင် အီဆန်အိုဂလူ နှင့် (OIC)အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးများပါဝင်သော ကိုယ်စား လှယ်အဖွဲ့သည် ယနေ့မွန်းလွဲ ၂နာရီ ၄၅ မိနစ်တွင် ပြည်သူ့လွှတ်တော် ရေးရာဆောင် အမှတ်(၁)၌ လာ ရောက်တွေ့ဆုံခဲ့သည်။

(OIC) အဖွဲ့ဝင် တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Prof. Mr. Ahmet Devutoglu သည် ယနေ့နံနက်ပိုင်းတွင် လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာနသို့ သွားရောက်၍ မြန်မာနိုင်ငံလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပြုရန်အတွက် မြင်းကောင်ရေ ၇၅ ကောင်အားရှိ ထွန်စက်နှစ်စီး၊ မြင်း ကောင်ရေ ၉၅ ကောင်အားရှိ ထွန်စက်နှစ်စီး၊ လေးသွားထယ် လေးခု၊ ဓားစက်ထွန်လေးခု၊ မျိုးစေ့ချ စက်လေးခု၊ (Off Set) ထွန်နှစ်ခု နှင့် ဆေးဖျန်းစက်တစ်ခုတို့ကို ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်ကလက်ခံပြီး လယ်ယာကဏ္ဍ၌ကျယ်ပြန့်စွာ ရင်းနှီးလုပ်ကိုင် နိုင်သည့် ရေမြေရာသီဥတု အခြေ အနေများကို ရှင်းလင်းပြောကြားခဲ့ သည်။
အလားတူ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင် အား ယနေ့ နံနက်ပိုင်းတွင် (OIC) အဖွဲ့ဝင် မလေးရှားနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E.MR. Y.B. Dato’ Hamzah Zainudin သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံ ခဲ့သည်။
ထို့နောက် (OIC) အထွေထွေ အတွင်းရေးမှူးနှင့်အဖွဲ့သည် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ဟိုတယ်ဇုန်ရှိ ရတနာသိင်္ဂဟိုတယ်၌ ဘာသာ ပေါင်းစုံညီညွတ်ရေးအဖွဲ့ (IDGM)နာယက အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်ဦးဆောင်သည့် ဘာသာကြီးလေးမျိုးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)
