နေပြည်တော်နိုဝင်ဘာ ၁၄
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် အမေရိကန်သမ္မတ ဟောင်း H.E.Mr. William J.Clinton နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအား ထောက်ခံအားပေးနေမှုများ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးမောင် မောင်သိမ်း၊ ဦးလှမြင့်ဦး၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက် ရောက်ကြသည်။ (သတင်းစဉ်)
မှတ်တမ်းဓါတ်ပုံများ
Standard (Image)
