နေပြည်တော်၊ နိုဝင်ဘာ ၂၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်တွင် KEIDANREN (Japan Business Federation) ဒုတိယဥက္ကဋ္ဌ Mr.KATSUMATA Nobuo ဦးဆောင်သည့် ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဂျပန်-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သတ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အတူ ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဌေးဦး၊ ဦးသိန်းဇော်၊ သူရဦးအောင်ကို၊ ဦးလှမြင့်ဦး၊ ဦးသူရိန်ဇော်၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (သတင်းစဉ်)
Standard (Image)
