နေပြည်တော် နိုဝင်ဘာ ၁၉
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မွန်ဂိုလီးယားနိုင်ငံ သမ္မတ H.E Mr. Tsakhiagiin Elbegdorj တို့သည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ တွေ့ဆုံကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်နေမှုများ၊ မွန်ဂိုလီးယားနိုင်ငံ ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ခဲ့သည့် အတွေ့ အကြုံများ၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ရေး၊ နှစ်နိုင်ငံ လွှတ်တော်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူး ပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။ (သတင်းစဉ်)
