နေပြည်တော် - ဒီဇင်ဘာ ၂၆
ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. LEE Baek Soon အား ယနေ့ နေ့လည် ၁၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်အတူ ပြည်သူ့လွှတ်တော်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်သည်။ (သတင်းစဉ်)
Standard (Image)
