ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ H.E. Mr.Choummaly SAYASONE အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ သမ္မတ H.E. Mr. Choummaly SAYASONE နှင့် အဖွဲ့အားယနေ့ညနေ ၃ နာရီခွဲတွင်   နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

<--break->

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့်အတူ   ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးစိုးနိုင်၊ ဦးသူရိန်ဇော်၊ ကော်မတီအတွင်းရေးမှူးဦးစောလှထွန်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံလူမှုရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း လွှတ်တော်အချင်းချင်း ပြည်သူအချင်းချင်းချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေး၊   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အတွေ့အကြုံများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာအမြင်ချင်း ဖလှယ်   ဆွေးနွေးကြသည်။(သတင်းစဉ်)

Standard (Image)