နေပြည်တော်- ဒီဇင်ဘာ ၁
ပြည်ထောင်စုလွှတ်တော်နာယကနှင့်မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာလ (၁) ရက်နေ့ (၁၂း၀၀)နာရီချိန်တွင် ခမာကူရ မြို့တော်ဝန် H.E. Mr. Matsuo Takashi နှင့် တွေ့ဆုံနှုတ်ဆက်ပြီး ခမာကူရ မြို့တော်ဝန်က တည်ခင်းဧည့်ခံသော နေ့လည်စာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကနှင့် မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် နံနက် (၀၉း၀၀) ချိန်တွင် Tokyo Gas ကုမ္ပဏီသို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက Tokyo Gas ကုမ္ပဏီနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ကုမ္ပဏီအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက နှင့် မြန်မာလွှတ်တော်ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့သည် (၁၀း၀၀)နာရီချိန်တွင် J-Power ကုမ္ပဏီသို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက J-Power ကုမ္ပဏီ၏ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယက က နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။
(၁၃း၁၀)နာရီချိန်တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သော မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ခမာကူရ ဗုဒ္ဓမြတ်စွာဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကြသည်။
၎င်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သော မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Gotemba Jukuu no Mori Park သို့ရောက်ရှိရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပြခန်းအတွင်း လိုက်လံရှင်းလင်းပြသကာ Gotemba Jukuu no Mori Park View Point မှ Mt. Fuji တောင်အား ကြည့်ရှုလေ့လာကြသည်။ (သတင်းစဉ်)
