ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၏ ၁၃၈၀ ပြည့်နှစ် မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပါပြီ၊ ခေတ်ဟောင်းစနစ်ဟောင်းမှသည် ခေတ်သစ်စနစ်သစ်ကိုလည်း ပြောင်းလဲခဲ့ပါပြီ။ မိမိတို့အနေဖြင့် ခေတ်စနစ်နှင့် မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နေသလို ပြည်သူတွေရဲ့ အကျိုးစီးပွား ဖြစ်ထွန်းစေတဲ့ ဥပဒေတွေ၊ ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှု ဖြည့်စွမ်းပေးနိုင်မယ့် ဥပဒေတွေကိုလည်း လွှတ်တော်က ဆက်လက်ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ်။ ပြည်သူများမှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြည်သူပြည်သားများ အနေနဲ့လည်း မိမိတို့လွှတ်တော်နှင့်အတူ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပူးပေါင်းပါဝင်နိုင်ကြပါစေ၊ အခြေခံ လူ့အခွင့်အရေးများကိုလည်း ခံစားနိုင်ကြပါစေ၊ စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းမှုရဲ့ အသီးအပွင့်များကိုလည်း ခံစားနိုင်ကြပါစေ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ နိုင်ငံသူနိုင်ငံသားများအားလုံး နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်

Standard (Image)